ကိုဗစ် - ၁၉ ကာကွယ်ဆေးဝယ်ယူရန် နိုင်ငံတော်သို့  ငွေကျပ်သိန်းပေါင်း ၁၂၀၀၀ လှူဒါန်း

24-Jan-2021

ရန်ကုန်   ဇန်နဝါရီ    ၂၃
နိုင်ငံတော်၏  ကိုဗစ် - ၁၉  ရောဂါ ကာကွယ်ဆေး  ဝယ်ယူရေးအတွက် အသုံးပြုရန်   မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးနှင့် အစ္စလာမ်ဘာသာဝင်များ စုပေါင်းကာ ပထမအကြိမ်အဖြစ်   အလှူငွေကျပ် သိန်းပေါင်း တစ်သောင်းနှစ်ထောင်ကို ဇန်နဝါရီ ၂၂ ရက်က   ဘဏ်မှတစ်ဆင့်   လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ  လှူဒါန်းမှုတွင်  မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးနှင့် အနယ်နယ်အရပ်ရပ်မှ အစ္စလာမ်ဘာသာဝင်အလှူရှင်များ စုပေါင်းထည့်ဝင်လှူဒါန်းခဲ့သော အလှူ ငွေကျပ်သိန်း တစ်သောင်းနှစ်ထောင် ကို   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  အမျိုးသားအဆင့်  ဗဟို ကော်မတီ၏ ကိုဗစ်-၁၉ ကာကွယ် ဆေး  ဝယ်ယူရေး  ရန်ပုံငွေစာရင်းသို့ လွှဲပို့လှူဒါန်းခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ကာကွယ်ဆေး ဝယ်ယူ ရေးအတွက် အလှူငွေများကို ဒုတိယ အကြိမ် ဆက်လက်လှူဒါန်းရန်   စီစဉ် ထားပြီး      ထပ်မံလှူဒါန်းလိုသော အလှူရှင်များအနေဖြင့်   ဖေဖော်ဝါရီ ၁၁   ရက်   နောက်ဆုံးထား၍  မြန်မာ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ ကိုဗစ် -၁၉ ကာကွယ်ရေး လုပ်ငန်းစဉ်များ        ကူညီပံ့ပိုးရေး ကော်မတီသို့ ဆက်သွယ်လှူဒါန်းကြ ပါရန် နှိုးဆော်ဖိတ်ခေါ်ထားကြောင်း သိရသည်။           
သူဇာနွယ်(ဖျာပုံ)