လူဦးရေ ၉၅ ရာခိုင်နှုန်းအထိ Mask တပ်ပါက ခရီးသွားလာခွင့်ဆိုင်ရာကန့်သတ်ချက် လိုအပ်မည်မဟုတ်ကြောင်း WHOပြောကြား

21-Nov-2020

လန်ဒန် နိုဝင်ဘာ ၂၀

လူမှုရေးအရ ခပ်ခွာခွာနေရမည့် နေရာများတွင် လူတိုင်းနီးပါး နှာခေါင်းစည်းဝတ်ဆင်ပါက ဥရောပရှိပြည်သူများအတွက် ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက် လိုအပ်လိမ့်မည် မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်ကလုဂျ် က ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးက နိုဝင်ဘာ ၁၉ ရက် တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် အထက်ပါအတိုင်းမှတ်ချက်ပြုပြောကြားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဥရောပတစ်ဝန်းတွင် နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်သည်လည်း မြင့်တက်နေကြောင်း သိရသည်။

လက်ရှိတွင် ဥရောပရှိ ပြည်သူများ၏ ၆၀ ရာခိုင်နှုန်း သို့မဟုတ် ယင်းအရေအတွက်ထက် လျော့နည်း၍ နှာခေါင်းစည်းများ ဝတ်ဆင်နေကြကြောင်းနှင့် နှာခေါင်းစည်းဝတ်ဆင်သူ အရေအတွက် ၉၅ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဆိုပါက ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များ လိုအပ်လိမ့်မည်မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဥရောပဒေသ ဆိုင်ရာ ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။

ဥရောပရှိ ပြည်သူတချို့မှာ အခြားသူများနှင့် အနီးကပ်ထိတွေ့ရာတွင်လည်း နှာခေါင်း စည်းများ ဝတ်ဆင်ရန် ငြင်းဆိုမှုများရှိနေဆဲဖြစ်ကြောင်း သိရသည်။

ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-အလင်းသစ်