တရုတ်အစိုးရက ပြည်တွင်းထုတ် ကိုဗစ် - ၁၉ ကာကွယ်ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေး

01-Jan-2021

ပေကျင်း   ဒီဇင်ဘာ   ၃၁ 
တရုတ်အစိုးရက ပြည်တွင်းထုတ် ကိုဗစ် - ၁၉ ကာကွယ် ဆေးတစ်မျိုးကို အရေးပေါ်အသုံးပြုခွင့်ပေးခဲ့ကြောင်းနှင့် အဆိုပါဆေးသည် လုံခြုံစိတ်ချရပြီး အစွမ်းထက် ထိရောက် မှုရှိသည့်   အဆင့်များနှင့်   ညီညွတ်ကြောင်း  နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြလိုက်သည်။ 
တရုတ်နိုင်ငံက ကိုဗစ် - ၁၉  ကာကွယ်ဆေးကို ပထမ အကြိမ် အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။ 
အမျိုးသားဆေးဘက်ဆိုင်ရာ ထုတ်ကုန်စီမံအုပ်ချုပ်မှု အဖွဲ့၏     ဒုတိယကော်မရှင်နာ     ချန်ရှိဖေးက  အဆိုပါ ကိုဗစ် - ၁၉  ကာကွယ်ဆေးကို နိုင်ငံပိုင်ဆေးဝါးကုမ္ပဏီ ဆီနိုဖမ်နှင့်  တွဲဖက်လုပ်ကိုင်လျက်ရှိသော   ဇီ၀ထုတ်ကုန် ဆိုင်ရာ   ပေကျင်းအင်စတီကျုက       စမ်းသပ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က သတင်းထောက်များကို ပြောကြားလိုက်သည်။ 
သက်ဆိုင်ရာအာဏာပိုင်များသို့ ပေးပို့သော သတင်း အချက်အလက်များကို ဗဟိုပြု၍ အဆိုပါကာကွယ်ဆေးကို ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။ 
အဆိုပါကာကွယ်ဆေးသည် ၇၉ ဒသမ ၃၄ ရာခိုင်နှုန်း အစွမ်းထက်ထိရောက်မှုရှိကြောင်းနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏   စံချိန်စံညွှန်းများနှင့်ညီကြောင်း  ကာကွယ်ဆေး ထုတ်လုပ်သူများက ပြောကြားလိုက်သည်။ 
ဇူလိုင်လတွင် တရုတ်အစိုးရက ကာကွယ်ဆေး သုံးမျိုး ကို    စတင်ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့်     ဦးစားပေး အစီအစဉ်အရ   ကျန်းမာရေးဝန်ထမ်းများနှင့်  သယ်ယူပို့ ဆောင်ရေးအလုပ်သမားများကို    ထိုးပေးမည်ဖြစ်ကြောင်း သိရသည်။ 
ကာကွယ်ဆေး ၄ ဒသမ ၅ သန်း ထုတ်ပြီးဖြစ်ကြောင်း အဆင့်မြင့်ကျန်းမာရေးဝန်ထမ်းတစ်ဦးက သတင်းထောက် များကို ပြောကြားလိုက်သည်။ 
၀ ဒသမ ၁  ရာခိုင်နှုန်းထက်နည်းသည့် ပမာဏသာ ကာကွယ်ဆေးထိုးပြီးပါက အနည်းငယ်ဖျားချင်သလိုဖြစ်မည်ဖြစ်ကြောင်းနှင့် လူတစ်သန်းလျှင် နှစ်ဦးခန့် ပြင်းထန် သည့်   ဓာတ်မတည့်မှုဖြစ်ပေါ်နိုင်ကြောင်း   ကျန်းမာရေး အရာရှိများက ပြောကြားလိုက်သည်။ 
အင်န်အိတ်ခ်ျကေ