မြန်မာနိုင်ငံမှာ ကုသပျောက်ကင်းခဲ့သူ တိုင်ဝမ်မှာ COVID ပြန်ဖြစ်

18-Nov-2020

မြန်မာနိုင်ငံကနေ COVID -19 ကုသမှု ခံယူပြီး ထိုင်ဝမ်ကို ပြန်လာတဲ့ အမျိုးသား တဦး COVID19 ထပ်မံ ဖြစ်ပွားတာ တွေ့ရကြောင်း ထိုင်ဝမ်ရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CECC က နိုဝင်ဘာလ ၁၇ ရက်နေ့မှာ ကြေညာပါတယ်။

အသက် ၃၀ ကျော် ထိုင်ဝမ် အမျိုးသားဟာ မြန်မာနိုင်ငံမှာ မတ်လက အလုပ်သွားလုပ်ပြီး စက်တင်လာလ ၆ ရက်နေ့မှာတော့ ဖျားနာ နေမကောင်း ဖြစ်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ COVID-19 ကုသမှု ခံယူခဲ့တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

စက်တင်ဘာ လလယ်ပိုင်းလောက်မှာ သက်သာသွားပြီးနောက် နိုဝင်ဘာလ ၈ ရက်နေ့မှာ ထိုင်ဝမ်ကို ပြန်လာခဲ့တာပါ။ လေဆိပ်အရောက်မှာတော့ သူ မြန်မာပြည်မှာ COVID -19 ကုသမှု ခံယူခဲ့ကြောင်း အသိပေးတာကြောင့် ဆေးစစ်ခဲ့တာမှာ COVID 19 ဖြစ်ပွားမှု မရှိကြောင်းတွေ့ခဲ့ပါတယ်။

ဒါပေမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာတော့ ကျန်းမာရေး ပိုဆိုးလာတာကြောင့် COVID-19 ပြန်စစ်ခဲ့ပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာတော့ COVID-19 ဖြစ်နေတာကို ဓာတ်ခွဲ အတည်ပြုချက် ရခဲ့တယ်လို့လည်း ထိုင်ဝမ် အစိုးရရဲ့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာန CECC က ကြေညာခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း COVID-19 အတည်ပြု လူနာက အင်္ဂါနေ့မှာ အနည်းငယ် တိုးလာပါတယ်။ အင်္ဂါနေ့ နောက်ဆုံး ထုတ် စာရင်း အရ COVID-19 ကူးစက်ခံ အတည်ပြု လူနာ ၁,၅၆၉ ယောက်ရှိပြီး ၂၄ နာရီအတွင်း သေဆုံးသူ ၂၆ ယောက်ရှိပါတယ်။ COVID-19 အတည်ပြု လူနာ စုစုပေါင်း ၇၁,၇၃၀ ကျော် ရှိပြီး သေဆုံးသူ စုစုပေါင်း ၁၆၂၅ ဦးရှိပါတယ်။ ဆေးရုံဆင်းသူ ၅၄,၂၇၄ ဦးရှိပြီး COVID ရောဂါ ဆက်လက် ကုသမှု ခံယူနေရသူ ၁၀,၀၀၀ ကျော် ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID 19 စစ်ဆေးပြီးသူပေါင်းက ၉ သိန်းကျော် ရှိပါတယ်။

Crd VOA News