ကလေးနှစ်ဦး မီးဆော့ကစားရာမှ မီးလောင် သေဆုံး

05-Jan-2021

မြင်းမူ  ဇန်နဝါရီ   ၄

ဇန်နဝါရီ  ၃ ရက် နေ့လယ် ၂  နာရီ ၄၅ မိနစ်ခန့်တွင် မြင်းမူမြို့နယ် ဆပ္ပျာကျင်းကျေးရွာ တွင် လူမနေသည့် နွားစာတဲတွင် ကလေးနှစ်ဦးသည် မီးဆော့ကစားရာမှ မီးလောင်ကျွမ်းခဲ့ရာ ကန်တော်ကျေးရွာ အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဥ် တစ်စီး\အရန်မီးသတ်တပ်ဖွဲ့ဝင် ဆယ်ဦး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မီးမှာ  နေ့လယ် ၂ နာရီ ၄၅ အချိန်မီးငြှိမ်းသတ်နိုင်ခဲ့သည်။ မြင်းမူမြို့နယ် မီးသတ်ဦးစီးဌာနမှ ဒုမီးသတ်ဦစီးမှူး ဦးချမ်းငြိမ်းအောင်နှင့် တာဝန်ရှိသူများ ဂုံညင်းဆိပ် ရဲကင်းစခန်းမှူး ဒုရဲအုပ်ဝင်းကိုကိုဦးတို့ အခင်းဖြစ်ကျေးရွာသို့ သွားရောက် စစ်ဆေးခဲ့သည်။ မြင်းမူမြို့နယ် ဆပ်ပ္ပျာကျင်းကျေးရွာရှိ ကိုချစ်ဝင်းပိုင်ဆိုင်သည့် လူမနေသည့် နွားစာတဲတွင် မောင်ဥာဏ်လင်းအောင် (၅/နှစ်) ဆပ်ပ္ပျာကျင်းကျေးရွာ မြင်းမူမြို့နယ်နေသူနှင့် မောင်တေဇာပို (၄/နှစ်)(ဘ)ဦးတင်အောင်ပို တစ်ရွာတည်းနေသူတို့(၂)ဦးသည် မီးဖြင့်ဆော့ကစားရာမှ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် ကလေး (၂)ဦးမှာ (၁၀) ပေခန့်အကွာရှိ တောထဲတွင် အလုပ်သွားလုပ်နေသော မိဘများ မရှိသည့် မောင်ဥာဏ်လင်းအောင် ၏နေအိမ် (၄)ပင်  (၃)ခန်း အလျား(၂၄)ပေ   အနံ (၁၂)ပေ ဝါးကြမ်းခင်း ထရံကာ ထန်းရွက်မိုး (၁)ထပ်အိမ်အတွင်း ဝင်ရောက်ပုန်းနေစဥ် မီးမှာ အဆိုပါနေအိမ်သို့  ကူးစက်လောင်ကျွမ်း ခဲ့ရာမှ  ကလေး (၂)ဦး သည်မီးလောင်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း   စစ်ဆေးတွေ့ရှိရပြီး  သေဆုံးသူ ကလေး (၂)ဦး၏ အလောင်းအား ရဲဆေးစာဖြင့်   မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/ မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အတွက် ဒုရဲအုပ်ဝင်းကိုကိုဦးမှ သတင်းပေးတိုင်တန်းမှု ဖြစ်သည်။

အမှုအား    မြို့မရဲစခန်းမှူး ဒုရဲမှူး စိုးမောင်မောင်က  လက်ခံစစ်ဆေးလျက်ရှိပြီး မြင်းမူမြို့မရဲစခန်းက အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

( ၀၇၇ )