ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နိုဘဲလ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရ

09-Oct-2020

ဒီနှစ် ၂၀၂၀ ပြည့်နှစ်အတွက် နိုဘယ်ငြိမ်းချမ်းရေးဆုကိုတော့ ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ (WFP) က ရရှိသွားပါတယ်။ ကမ္ဘာတဝှမ်း ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေးနဲ့ စားနှပ်ရိက္ခာလုံလောက်မှုရှိစေရေးအတွက် WFP အဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကြောင့် အခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ချီးမြှင့်လိုက်တာဖြစ်တယ်လို့ နိုဘယ်လ်ဆုချီးမြှင့်ရေးကော်မတီ ဥက္ကဋ္ဌ Berit Reiss-Andersen က နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒီနေ့ ကြေငြာလိုက်လိုက်ပါတယ်။

 “နော်ဝေးနိုင်ငံရဲ့ နိုဘယ်ဆုရွေးချယ်ချီးမြှင့်ရေးကော်မတီအနေနဲ့ ၂၀၂၀ ခုနှစ်အတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ကမ္ဘာ့စားနှပ်ရိက္ခာအဖွဲ့ကို ချီးမြှင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ WFP အဖွဲ့ရဲ့ ငတ်မွတ်ခေါင်းပါးမှုတိုက်ဖျက်ရေး ကြိုးပမ်းမှု၊ ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ ငြိမ်းချမ်းရေးရရှိစေဖို့အတွက် အခြေအနေတွေကောင်းအောင် ပံ့ပိုးပေးမှု၊ ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲတွေနဲ့ ပဋိပက္ခတွေရဲ့လက်နက်သဖွယ်အသုံးချနေတာတွေကို ကာကွယ်ဖို့ကြိုးပမ်းတဲ့နေရာမှာ အဓိကမောင်းနှင်အားအဖြစ် လုပ်ဆောင်နေတာတွေကြောင့် ချီးမြှင့်ဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်။" လို့ နိုဘယ်ကော်မတီဥက္ကဋ္ဌ Reiss-Andersen က ပြောသွားတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါက ကမ္ဘာတဝှမ်းမှာရှိတဲ့ လူသန်းပေါင်းများစွာ ရင်ဆိုင်နေရတဲ့ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်ကို ပိုပြီးတော့ ဆိုးရွာစေပြီး၊ အဲဒီလူတွေကိုကျွေးနိုင်ဖို့အတွက် အစိုးရတွေအနေနဲ့ WFP အပါအဝင် တခြား အကူအညီပေးရေးအဖွဲ့တွေကို လိုအပ်တဲ့အကူအညီတွေပေးကြဖို့လည်း နိုဘဲလ် ကော်မတီက တာင်းဆိုလိုက်ပါတယ်။ အခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် လူပုဂ္ဂိုလ် ၂၁၁ ဦး နဲ့ အဖွဲ့စည်း ၁,၀၇ခု တို့ အဆိုပြုခံခဲ့ရတာဖြစ်ပါတယ်။ ဆုအဖြစ်နဲ့ အမေရိကန်ဒေါ်လာ ၁.၁ သန်း ရရှိမှာဖြစ်ပြီး၊ ဒီဆုကိုတော့ နော်ဝေးနိုင်ငံ အော်စလိုမြို့မှာ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချီးမြှင့်မှာဖြစ်ပါတယ်။

Crd VOA