ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

31-Dec-2020

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ၏ သဘောတူညီချက်ဖြင့်    ပုံနှိပ်ခြင်းနှင့်   ထုတ်ဝေခြင်း လုပ်ငန်းနည်းဥပဒေများကို   အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၄)ဖြင့် ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးနောက် လုပ်ငန်းအသိအမှတ်ပြု လက်မှတ် လျှောက်ထားလာပါက ပုံနှိပ်ခြင်းနှင့် ထုတ်ဝေ ခြင်းလုပ်ငန်း   နည်းဥပဒေများနှင့်အညီ  စိစစ်၍ လုပ်ငန်း အသိအမှတ်ပြုလက်မှတ်များကို    ခွင့်ပြုပေးလျက်ရှိပါ 
သည်။ 
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ  (၂၈-၁၂-၂၀၂၀)နေ့ကပြုလုပ်ခဲ့သော  ပြန်ကြားရေးဝန်ကြီးဌာန  စီမံခန့်ခွဲ ရေးကော်မတီအစည်းအဝေးတွင်   (၉-၁၁-၂၀၂၀) နေ့မှ (၂၆-၁၁-၂၀၂၀)နေ့ထိ  လုပ်ငန်းအသိအမှတ်ပြုလက်မှတ် လျှောက်ထားလာသည့်       ပုံနှိပ်ခြင်းလုပ်ငန်းအတွက် အသစ်လျှောက်ထားသူ ခုနစ်ဦး ကိုလည်းကောင်း၊ ထုတ်ဝေ ခြင်းလုပ်ငန်းအတွက်  အသစ်လျှောက်ထားသူ ဂျာနယ် တစ်ဦး၊ မဂ္ဂဇင်း နှစ်ဦး၊ အထွေထွေ ၂၃ ဦး၊ ပေါင်း ၂၆ ဦး ကိုလည်းကောင်း၊         သတင်းအေဂျင်စီလုပ်ငန်းလျှောက် ထားသူ ၁၅ ဦးကိုလည်းကောင်း အသိအမှတ်ပြုလက်မှတ် များထုတ်ပေးရန် ခွင့်ပြုပေးခဲ့ပါသည်။ 
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း နည်းဥပဒေများ ပြဋ္ဌာန်းသည့်  (၁၀-၁၀-၂၀၁၄)နေ့မှစ၍    ယနေ့အထိ ပုံနှိပ်ခြင်းလုပ်ငန်း ၁၆၈၅ ဦး၊ ထုတ်ဝေခြင်းလုပ်ငန်း ၃၀၁၈ ဦးနှင့်   သတင်းအေဂျင်စီလုပ်ငန်း ၃၆၄  ဦး စုစုပေါင်း ပုံနှိပ်ခြင်း၊  ထုတ်ဝေခြင်းနှင့်   သတင်းအေဂျင်စီလုပ်ငန်း ၅၀၆၇  ဦးအား အသိအမှတ်ပြုလက်မှတ်များ စိစစ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ပါသည်။ 

ပြန်ကြားရေးဝန်ကြီးဌာန