ကင်းတားဆည်

27-Feb-2023

ကင်းတား ဆည်ကို ၁၉၈၁ ခုနှစ်လောက်မှာ စတင်တည်ဆောက်ခဲ့ပြီး ပန်းလောင် Eco Lodge ၏ အထက်ဖက် ၆ မိုင် အကွာ ခန့်မှာ တည်ရှိပါတယ်။

ယနေ့ လက်ရှိအချိန်မှာတော့ ရေဝေရေလဲ ဒေသတွေ မှာ သစ်တောပြုန်းတီးမှု ၊ Climate Change နဲ့ ရာသီဥတုဖေါက်ပြန်မှုတွေကြောင့် တစ်နှစ် တစ်နှစ် ကန်ရေပြည့် ရေရရှိဖို့ရာမှာ  မသေချာတော့လို့ ဓာတ်အားထုတ်လုပ်မှုဟာ Target Energy နဲ့ဝေးကွာနေဆဲပဲ ဖြစ်ပါတယ် ။

   ကင်တားဆည် ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ စိုက်ရေး လုပ်ငန်း များ တိုးတက်လာစေ မှု နဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကို အထောက်အကူ ပြုနေတာ ဖြစ်ပါတယ်။

ကင်းတားဆည် ရဲ့ ရေဝေ ရေလဲ ဒေသများ မှာ သစ်တောများ ဖွံဖြိုးလာပြီး ရာသီဥတု မှန်ကန် ကောင်းမွန် လာစေဖို့ အားလုံးကဝိုင်းဝန်း ဆောင်ရွက်ပေးသွားရန်လိုအပ်ပါတယ်။

ကင်းတားဆည် စီမံကိန်း

-------------------------------------------------------------

     ကင်းတားဘက်စုံစီမံကိန်းတည်ဆောက်မှု လုပ်ငန်းတွေကို ၁၉၈၁ ခုနှစ်လောက်မှာစပါတယ် ၊ စီမံကိန်း ရဲ့ အတိုင်ပင်ခံကုမ္ပဏီကတော့ ဂျာမဏီနိုင်ငံက Lameryah international GmbH ပဲဖြစ်ပါတယ် ၊ ကင်းတား စီမံကိန်း ကို တာဝန်ခံရတဲ့ ဌာန ကတော့ ဆည်မြောင်းဦးစီးဌာနပါ၊ လျှပ်စစ်ကဏ္ဍပါဝင်လို့ လျှပ်စစ်ဌာနက လည်း ကိုယ့်အပိုင်းနဲ့ကိုယ် သက်ဆိုင်တဲ့အပိုင်းတွေမှာ ပါဝင်ကြရပါတယ် ၊

      ကျောက်ဖြည့်တမံ တည်ဆောက် ရေး အတွက်ကိုတော့ ကိုးရီယားသမ္မတနိုင်ငံက Hyundai ( ဟွန်ဒိုင်း )က ကန်ထရိုက်အောင်မြင်ပါတယ် ၊ ဟွန်ဒိုင်းက ထိုအချိန်တုန်းက တည်ဆောက်ရေးလုပ်ငန်တွေနဲ့ ပတ်သက်ပြီး အောင်မြင် ကျော်ကြားနေတဲ့ ကုမ္ပဏီပဲ ဖြစ်ပါတယ် ၊ ဟွန်ဒိုင်းဟာ ကျောက်ဖြည့်တမံ တည်ဆောက်နိုင်ရန်အတွက် ပန်းလောင်မြစ် ကို ရေလွှဲ နိုင်ဖို့ ဦးစွာလုပ်ပါတယ် ၊ ရေလွှဲဥမင်လိုဏ် တစ်ခုတူးပြီး ရေလွှဲမှာပါ ၊

     ပန်းလောင်မြစ် ရဲ့ လက်ဝဲဘက် တောင်စွယ်မှာ ရေလွှဲဥမင်တစ်ခုကို ဖောက်လုပ်ပါတယ် ၊ အလျား( 465 meters) နဲ့ အချင်း (7.8m ) ရှိပါတယ် ၊ ဒီရေလွှဲဥမင်လိုဏ် ဟာ တမံတည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံးဖေါက်လုပ်တဲ့  ရေလွှဲ ဥမင် လိုဏ် ဖြစ်ပါတယ် ၊ ယခင်က တည်ဆောက်ခဲ့ပြီးတဲ့ တမံတွေ မှာ ရေလွှဲတာကို ဥမင်လိုဏ်ဖေါက်ပြီး လုပ် တာ မရှိခဲ့ဘူးပါ ၊ ဒီရေလွဲ ဥမင်လိုဏ်ကို နောက်ပိုင်းမှာတော့ ရေအားလျှပ်စစ် စက်ရုံရဲ့ Penstock နဲ့ ဆက်ပြီး Power Tunnel အဖြစ် အနေနဲ့ရော တမံရဲ ရေထုတ်ပေါက် အဖြစ်နဲ့ရော အသုံးပြု ခဲ့ပါတယ် ၊ စက်ရုံ အတွက် Penstock ပိုက်နှစ်ခုကို ရေလွှဲ ဥမင်လိုဏ် ဘေး မှ ဖေါက်ပြီး ဓာတ်အားထုတ်စက် Turbine တွေ အတွက် ရေ ကို ရယူပါတယ် ၊ Penstock ပိုက်တစ်ခုစီ ဟာ အလျား (30 ) meters စီ ရှိပြီး အချင်း က တော့ (3.2) meters စီ ရှိကြပါတယ် ၊ တမံရေထုတ်ပေါက်အနေနဲ့ သုံးနိုင်ဖို့ ရေလွှဲဥမင်လိုဏ် အဆုံးပိုင်းမှာ Gate Chamber တစ်ခု ကိုပါ ထည့်သွင်း တပ်ဆင်ထားပါတယ် ၊ ရေလွှဲ ဥမင်လိုဏ် ရဲ့ရေလွှဲ ထုတ်နိုင်စွမ်း က  တစ်စက္ကန် လျှင် (114 )Cubic Meter ရှိပါတယ် ၊   

       ကျောက်ဖြည့်တမံ (Rock filled dam ) ဟာလဲ အမြင့်ပေ (72 meter ) ရှိပါတယ် ၊ ပေ အားဖြင့် (၂၃၆) ပေ ခန့် ၊ အလျားကတော့ (၂၀၃၄ )ပေရှိပါတယ်၊ ဒါကြောင့် တည်ဆောက်ပြီးတဲ့ထိုအချိန် က အမြင့်ဆုံးတမံ ဖြစ်ခဲ့သလို မြန်မာနိုင်ငံရဲ့ ပထမဆုံးကျောက်ဖြည့်တမံအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ် ၊

     ရေသိုလှောင်နိုင်မှုအနေနဲ့ ကန်ရေပြည့်သိုလှောင်နိုင်မှုက (၈၇၃၅၈၀ )ဧကပေ ၊ ကန်ရေသေ သိုလှောင် နိုင်မှု က (၅၆၂၈၀)  ဧကပေ ရှိပါတယ် ၊ ရေပိုလွှဲ  ( အကျယ် ၂၉.၅ ပေ x အမြင့် (၃၄.၄)ပေ နဲ့ ရေတံခါး (၄)ပေါက် ) တစ်ခု နှင့် အရေးပေါ်ရေပိုလွှဲ (အလျား ၆၈၉ ပေ )တစ်ခု ထည့်သွင်း တည်ဆောက် ထားပါတယ် ၊ ပင်မရေပိုလွှဲ ရဲ့ ရေလွှဲထုတ်နိုင်စွမ်း ကတော့ (၇၈၂၆၉) ကုဗပေ/ စက္ကန့် နှုန်း ရှိပါတယ် ၊

    ပင်မတမံနဲ့အတူကုန်းကြောတမံ(၃)ခုကိုလည်း တည်ဆောက်ခဲ့ရပါတယ်၊ ကုန်ကြောတမံဆိုတာကတော့ ဆည်အတွင်းက သိုလှောင်တဲ့ ရေမျက်နှာပြင်မြင့်တက်လာတဲ့အချိန်မှာရ ေကျော်ထွက်သွားနိုင်တဲ့ ကုန်းကြောတွေပေါ်မှာ တည်ဆောက်ရတဲ့ တမံတွေပါ ၊ တနည်းအားဖြင့် ကုန်ကြောတွေကို ပိုမြင့် လာအောင် တည်ဆောက်ရတဲ့တမံ တွေ ဖြစ်ပါတယ် ၊ ကုန်းကြောတမံအမှတ်(၁) က ပေ (၆၀၀ )လောက် ၊ အမှတ်(၂) က ပေ (၈၀၀) လောက်နဲ့ အမှတ်(၃) က ပေ (၅၀၀) လောက် ရှိပါတယ် ၊ ( မှတ်တမ်း တွေ မတွေ့ ရလို့ Google Maps ပေါ်ကပဲ ခန့်မှန် ရတာပါ ) ၊ ကင်းတားတမံ က အသုံး ပြုနိုင်တဲ့ ရေပမာဏ ကတော့ ( 817000 ) ဧကပေ ရှိပါတယ် ၊ ဒီရေတွေနဲ့ပဲ စိုက်ပျိုးမြေဧက (၂၀၁,၅၀၀ )ကို စိုက်ပျိုးရေပေးဝေမှာ ဖြစ်သလို လျှပ်စစ်ဓာတ် အား (၅၆) မဂ္ဂါဝပ်ကို ထုတ်လုပ်ပေးမှာလဲ ဖြစ်ပါတယ် ၊     

     ရေအားလျှပ်စစ်စက်ရုံကိုတော့ Lameryah က ကိုယ်တိုင်ကြီးကြပ်တည်ဆောက် ပါတယ်၊ ကင်းတား ရေအားလျှပ်စစ်စက်ရုံဟာ အထပ်(၁၁)ထပ်ရှိတဲ့ လှပတဲ့ စက်ရုံ တစ်ရုံ ဖြစ်ပါတယ် ၊ မြေအောက်မှာ (၇)ထပ် ၊ မြေပေါ်မှာ (၄) ထပ်ဖြစ်ပါတယ် ၊ ယနေ့ထိ တည်ဆောက်ပြီးတဲ့ ရေအားလျှပ်စစ် စက်ရုံတွေထဲ မှာတော့ အလှဆုံး စက်ရုံ တစ်ရုံ လို့ ပြောနိုင်ပါတယ် ၊ စက်ရုံ မှာတပ်ဆင်ထားတဲ့ စက်များကတော့ စက် တစ်လုံး ကို (28) MW စီရှိတဲ့ Turbine Generator စက်(၂)လုံးကို တပ်ဆင်ထားပါတယ် ၊ ထိုအချိန်က မြန်မာနိုင်ငံမှာ ရေအားလျှပ်စစ်ဓာတ်အားပေးစက်တွေမှာ စက်တစ်လုံးထုတ်လုပ်နိုင်စွမ်းအား(28MW)ဆိုတာ အကြီးဆုံး အရွယ်ပဲ ဖြစ်ပါတယ် ၊ လောပိတဓာတ်အားပေးစက်ရုံ က စက်တစ်လုံးစီ ရဲ့ ထုတ်လုပ်နိုင်စွမ်း က လဲ 28mw ပဲ ဖြစ်ပါတယ်  ၊  ဓာတ်အားပေးစက်ရုံ မှာ တပ်ဆင်ထားတဲ့ Turbine Generator စက်တွေ ကတော့ Germany နိုင်ငံ လုပ် SIEMENS နဲ့ VOITH အမျိုးအစား တွေပဲ ဖြစ်ပါတယ်၊

    ကင်တားတမံ ရဲ့ ရေအမြင့်ကနေ ဓာတ်အားထုတ်နိုင်မယ့် ရေအမြင့် ကွားခြားချက် ( Rated Water Head) ..(.56 ) မီတာဖြစ်ပါတယ် ၊ တာဘိုင် စက် တစ်လုံး စီ ရဲ့ ရေထုစီးနှုန်းက( 56 ) cubic meters / sec ဖြစ်ပါတယ် ၊ ထုတ်လုပ်တဲ့ Power က လဲ (56 ) MW ဖြစ်လို့ ဒါဟာ ကင်းတားစက်ရုံ ရဲ့ ထူးခြားမှု ပဲဖြစ်ပါတယ် ၊  

      ကင်းတားစက်ရုံ ထွက်ရှိလာတဲ့ ဓာတ်အားတွေကိုတော့ 132KV ဓာတ်အားလိုင်း နဲ့ သာစည်မြို့ က ပင်မဓာတ်အားခွဲရုံ နဲ့ မန္တလေး အောင်ပင်လယ် ပင်မ ဓာတ်အားခွဲ ရုံတွေ ကို ပေးပို့ပြီ အဲဒီက မှ တစ်ဆင့် နိုင်ငံတော် National Grid ကို ချိတ်ဆက် ပေးပို့ ပါတယ် ၊

      ကင်းတားဆည်ကြီးဟာ တည်ဆောက်ပြီးချိန်တုန်းက အတော်ကြီးမားတဲ့ ဆည်ကြီးပါ ၊ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်စွမ်းကလဲ (၅၆) mw ဆိုတော့ အတန်အသင့်ကြီးတဲ့စက်ပါ ၊ သိုသော်လည်း ဒီ ဓာတ်အား ထုတ်လုပ်မှု ကို အချိန်ပြည့်လည်ပတ်ထုတ်လုပ်နိုင်ရေးအတွက် ရေအလုံအလောက်မရနိုင် တဲ့ အတွက် ရေ၇နိုင်သလောက်သော လျှပ်စစ် စွမ်းအင် ..တစ်နှစ် ကို ကီလိုဝပ်နာရီ သန်းပေါင်း (၁၆၅ ) လောက်ပဲ ဒီဇိုင်အရ ထုတ်လုပ် နိုင်မှာပါ ၊ လက်တွေ့ မှာတော့ ကီလိုဝပ်နာရီသန်း( 33 )လောက်ကနေ (222)ထိ ကြား မှာဲ ထုတ်လုပ်နိုင်ခဲ့ပါတယ် ၊ ရေသာ အလုံအလောက်ရမယ်ဆိုရင်တော့ ကီလိုဝပ်နာရီ သန်းပေါင်း (၄၀၀) လောက်ထိ ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်

     ဒါကြောင့် ကင်းတားဓာတ်အားပေးစက်ရုံရဲ့ Utilization Factor ဟာ 37.2 % လောက်ပဲ ရှိပါတယ် ၊ စက်ရုံ စတင်လည်ပတ်တဲ့ (4-12-1985 ) နေ့ စကြည့်ရင် Target Energy ကို 1993-94 , 2006-07 နဲ့ 2007-08 ခုနှစ်တွေ မှာပဲ ထုတ်လုပ်နိုင်ခဲ့ပါတယ် ၊

 ယနေ့ လက်ရှိအချိန်မှာတော့ ရေဝေရေလဲ ဒေသတွေ မှာ သစ်တောပြုန်းတီးမှု ၊ Climate Change နဲ့ ရာသီဥတုဖေါက်ပြန်မှုတွေကြောင့် တစ်နှစ် တစ်နှစ် ကန်ရေပြည့် ရေရရှိဖို့ရာမှာ  မသေချာတော့လို့ ဓာတ်အားထုတ်လုပ်မှုဟာ Target Energy နဲ့ဝေးကွာနေဆဲပဲ ဖြစ်ပါတယ် ၊

   ဘယ်လိုပဲ ဖြစ်ဖြစ် ကင်းတားစက်ရုံ ကို တည်ဆောက်နိုင်ခဲ့ ခြင်း ဟာ မြန်မာ့ရေအားလျှပ်စစ် သမိုင်း မှာ တိုးတက်မှု တစ်ခု အဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ် ၊ ကင်တားဆည် ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ စိုက်ရေး လုပ်ငန်း များ တိုးတက်လာစေ မှု နဲ့လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး ကို အထောက်အကူ ပြုနေတာ ဖြစ်လို့ ကင်းတားဆည် ရဲ့ ရေဝေ ရေလဲ ဒေသများ မှာ သစ်တောများ ဖွံဖြိုးလာပြီး ရာသီဥတု မှန်ကန် ကောင်းမွန် လာစေဖို့ အားလုံးကဝိုင်းဝန်း ဆောင်ရွက်ပေးသွား ရတော့မှာ ဖြစ်ကြောင်းပါခင်ဗျား.. ၊

Credit>>စန်းဝေ ( သံတွဲ )