အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု ကြိုတင်မဲပေး၊ ကျန်းမာရေးကောင်းမွန် တယ်လို့ ဆို

06-Nov-2020

နေပြည်တော်မှာ နေထိုင်နေတဲ့ ယခင်တပ်မတော်အစိုးရအကြီးအကဲဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ ဇနီးမောင်နှံအပါအဝင် မိသားစုဝင် ၁၇ ဦးဟာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်မွန်းလွဲပိုင်းမှာ သူနေထိုင်ရာ နေပြည်တော်ခြောက်လုံးတန်းအိမ်ရာက နေအိမ်မှာ ကြိုတင်မဲပေးခဲ့ကြတယ်လို့ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးသိန်းထွေးက ဘီဘီစီကို ပြောပါတယ်။

ကြိုတင်မဲကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် နေအိမ်အတွင်းမှာ ပေးခဲ့တာဖြစ်ပြီး ကျန်းမာရေးလည်း ကောင်းကြောင်း ဦးသိန်းထွေးက ဆက်ပြောပါတယ်။

ဓာတ်ပုံ-အောင်သူရ(ဘီဘီစီမြန်မာပိုင်း)

ဘီဘီစီမြန်မာပိုင်း

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

သမ္မတဟောင်း ဦးသိန်းစိန် မိသားစု ကြိုတင်မဲပေး

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကြိုတင်မဲပေး

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းလည်း ကြိုတင်မဲပေး