အနိုင်ရ ကိုယ်စားလှယ်များထုတ်ပြန်မှုတွင် ဝန်ကြီးချုပ်နဲ့ဝန်ကြီး တချို့ပါဝင်

12-Nov-2020

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ နိုဝင်ဘာ(၁၂)ရက်  မနက်ပိုင်းကနေ ညနေ (၅)နာရီအထိ အနိုင်ရကိုယ်စားလှယ် (၂၅၀)ရဲ့ စာရင်းကိုထုတ်ပြန် ပေးခဲ့ပါတယ်။

အဲဒီထုတ်ပြန်လိုက်တဲ့ စာရင်းအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် ပေါင်း (၂၂၃) ယောက်နဲ့ အများဆုံး အနိုင်ရရှိထားပြီး၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က (၁၇)ဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက (၆)ယောက် ၊ ကရင်ပြည်သူ့ပါတီက(၁)ယောက်၊  ၀ အမျိုးသားပါတီက(၁)ယောက်၊  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ(၂) ယောက်တို့ အသီးသီးရရှိထားပါတယ်။

ဒီကနေ့တစ်ရက်တာ ညနေ(၅)နာရီအထိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက် ထဲမှာတော့ NLD ပါတီက အနိုင်ရရှိသူတွေထဲမှာ လက်ရှိပြည်ထောင်စုဝန်ကြီးဦးသန့်စင်မောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဟောင်းမန်းဂျော်နီ၊ ရန်ကုန်တိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားရင်းမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တို့ပါဝင်ပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓါတ်ပုံ- ဦးသန့်စင်မောင်ဖေ့ဘွတ်ခ်၊ ကချင်ပြည်နယ် အစိုးရအဖွဲ့၊

ဒေါ်မိုးမိုးစုကြည်ဖေ့ဘွတ်ခ်၊

မန်းဂျော်နီဖေ့ဘွတ်ခ်၊