"အောင်မြင်ရေးလမ်းကြောင်း"

25-Aug-2020

ဟစ်တလာဟာ ငယ်စဉ်က ကျောင်းရောက်
လာတိုင်းမှာ ဂျာမဏီမြေပုံကြီးကို အသေးစိတ် 
၅ မိနစ်လောက်အမြဲတမ်းကြည့်လေ့ရှိပါတယ်
ပထဝီဘာသာရပ် သင်တဲ့ဆရာက 
ဟစ်တလာကို ကျောင်းသားတွေကြားထဲမှာ 
မတ်တပ်ရပ်ခိုင်းပြီး မေးတယ်
မင်း ငါတို့တိုင်းပြည် မြေပုံကို ဘာလို့ 
နေ့တိုင်းကြည့်ကြည့်နေလဲတာလဲ
ဟစ်တလာက ပြန်ဖြေတယ် ''တစ်နေ့ကျရင် 
ဒီမြေပုံကို ကျွန်တော် ချဲ့မလို့ပါ''
ဆရာနဲ့ ကျောင်းသားအားလုံးက 
ဝိုင်းရယ်ကြတယ်
လူပုံက သေးသေး မျက်မှန်ကတပ်ထားသေး
အဖေက မရှိ  ဒီ ခလေးက ဂျာမဏီ မြေပုံကို
ချဲ့မယ်ဆိုတော့ ဝိုင်းရယ် ကြတာပေါ့
ဒါပေမယ့် ဟစ်တလာက 
ဂျာမန် မြေပုံကို တကယ်ပဲချဲ့ခဲ့တယ်
ဂျပန်ကသာ အမေရိကန်ပုလဲဆိတ်ကမ်းကို
ဗုံးမကျဲခဲ့ရင်၊ ဆိုဗီယက်သာ စစ်ထဲမပါခဲ့ရင်
ဒီနေ့ခေတ်မှာ ဂျာမန်မြေပုံက 
ကမ္ဘာမြေ ၅ ပုံပုံ ၁ ပုံဖြစ်နေမှာပါ
ဟစ်တလာ အသက် ၁၃နှစ်အရွယ်မှာ 
ပဲရစ်ကို အလည်သွားတယ်
ပဲရစ် ကို ရောက်တဲ့အချိန်မှာ 
ဗေဒင် သွားမေးခဲ့ပါတယ်
မေးခွန်း တစ်ခု တည်းပါ 
''ကျွန်တော်အကြီးအကျယ်အောင်မြင်နိုင်လား''
ဗေဒင်ဆရာက လက်ဝါးကိုကြည့်ပြီး
ပြန်ဟောတယ်
"မင်း မအောင်မြင်နိုင်ဘူး''
"ဘာဖြစ်လို့လဲ''
ဘာဖြစ်လို့လဲဆိုတော့မင်းမှာ တံခွန်လို့ခေါ်တဲ့ 
အောင်မြင်ရေးလမ်းကြောင်း မပါဘူး
ဟစ်တလာက ထပ်မေးတယ်
''အောင်မြင်ရေးလမ်းကြောင်းဟာ 
ဘယ်လိုဟာမျိုးလဲ ''
ဗေဒင်ဆရာက''အောင်မြင်ရေး လမ်းကြောင်း
ဆိုတာ လက်ကောက်ရစ်ကနေ လက်ညိုးဆီ
တန်းတန်းမတ်မတ်တက်သွားတဲ့ တံခွန်လမ်း
ကြောင်းကိုပြောတာ အဲ့ဒီလမ်းကြောင်း 
နက်လေ ဖြောင့်လေ အောင်မြင်လေပဲ 
မင်းလက်ဝါးပေါ်မှာကြည့်ပါလား 
ဘယ်မှာ ပါလို့လဲ
ဟစ်တလာက ''ခဏ လေး နော်ဆရာ 
လို့ " ပြောပြီး
သူ့အိပ်ကပ်ထဲက ခဲတံချွန်ဓားကိုဆွဲထုတ်ပြီး 
လက်ဝါးကို အရှည်လိုက် နက်နက်လး ခွဲချ 
လိုက်တယ် ပြီးတော့ သွေးပန်းထွက်နေတဲ့
လက်ကို ဗေဒင်ဆရာကို ပြပြီး 
ရ ပြီဆရာ ဆက်ဟောပါတဲ့
ဗေဒင်ဆရာက ဆက်ဟောတယ်
"မင်း အောင်မြင်မှာသေချာတယ် ခလေးတဲ့ 
မင်းလက်ဝါးပေါ်ကလမ်းကြောင်းကြောင့်
မဟုတ်ဘူး 
မင်းရဲ့ပြင်းထန်တဲ့စိတ်ဓာတ်ကြောင့်ပါ"......တဲ့
credit#original
Copy..... thu zar