၂၀၂၀ ခုနှစ်အတွက် အထူးခြားဆုံးပုဂ္ဂိုလ်တွေအဖြစ် ဘိုင်ဒန် နဲ့ ဟဲရစ် ရွေးချယ်ခံရ

12-Dec-2020

နာမည်ကြီး Time မဂ္ဂဇင်းကြီးက “2020 Person of the Year ” ၂၀၂၀ အတွက် အလွှမ်းမိုးနိုင်ဆုံး ထူးခြားတဲ့ ပုဂ္ဂိုလ် အဖြစ် အမေရိကန်နိုင်ငံရဲ့ အရွေးကောက်ခံသမ္မတ Joe Biden နဲ့ အရွေးကောက်ခံ ဒုသမ္မတ Kamala Harris တို့ကိုပူးတွဲ ရွေးချယ်လိုက်ပါတယ်။

အဆင်မပြေဖြစ်နေတဲ့ ကမ္ဘာကြီးကို ကုစားနိုင်ဖို့၊ ကြီးမားတဲ့ကွဲပြားမှုတွေထက် စာနာမှုအင်အားတွေပေးပြီး အမေရိကန်သမိုင်းကို ပြောင်းလဲပေးနိုင်မယ့် သူတွေအဖြစ် ဂုဏ်ပြုတဲ့ အနေနဲ့ သူတို့ ၂ ဦးကို အခုလို ချီးမြှင့်တာ ဖြစ်ကြောင်း Time မဂ္ဂဇင်းအယ်ဒီတာချုပ် Edward Felsenthal ကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပတဲ့ နှစ်တိုင်း အရွေးကောက်ခံ သမ္မတကို အဲဒီနှစ်အတွက် ပုဂ္ဂိုလ်ထူးအဖြစ် ရွေးချယ်ခဲ့တာဟာ ၃၂ ဆက်မြောက် သမ္မတ Franklin Delano Roosevelt လက်ထက်ကစခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ ဒုသမ္မတကိုပါပူးတွဲပြီး ပထမဆုံး အကြိမ် ချီးမြှင့်တာ ဖြစ်ကြောင်းလည်း Felsenthal ကပြောပါတယ်။

Time မဂ္ဂဇင်းရဲ့ Person of the Year စာရင်းထဲမှာ သမ္မတဒေါ်နယ်ထရမ့်၊ ထိပ်တန်းကူးစက်ရောဂါပညာရှင် ဒေါက်တာ Anthony Fauci နဲ့ မတူကွဲပြားမှုတွေအတွက် တရားမ ျှတမှုရှိဖို့ိ လှုပ်ရှားမှု တွေလည်း ပါဝင်ပါတယ်။ သမ္မတထရမ့်ဟာ ၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရခဲ့တုန်းက အဲဒီနှစ်အတွက် ပုဂ္ဂိုလ်ထူး အဖြစ်အရွေးချယ်ခံခဲ့ရတာပါ။

ကိုရီးယားက BTS ဂီတအဖွဲ့ကိုလည်း ဒီနှစ်အတွက်ဖျော်ဖြေရေးမှာ ထူးခြားတဲ့အဖွဲ့အဖြစ် Time မဂ္ဂဇင်းက ကြာသပတေးနေ့မှာ ရွေးချယ်ခဲ့သလို ဒီနှစ်အတွက် ထူးခြားတဲ့ အားကစားသမား အဖြစ် LeBron James ကို ဂုဏ်ပြုခဲ့ပါတယ်။

VOA News