ကျဆုံး AA ဗိုလ်လောင်းတွေအတွက် စစ်တွေမှာ လူငယ်တွေဆုတောင်း

19-Nov-2020

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့မှာ KIA သင်တန်းကျောင်းကို မြန်မာ့တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုအတွင်း ကျဆုံးခဲ့ရတဲ့ ရက္ခိုင့်တပ်တော်(AA) ရဲ့ ဗိုလ်လောင်း (၈)ရဲ့ ကျဆုံးခြင်း (၆) နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကမ်းနားလမ်းမှာ ဒီနေ့ညနေက ပြုလုပ်ခဲ့ကြပါတယ်။

ကျဆုံးသွားခဲ့ကြတဲ့ ဗိုလ်လောင်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ စစ်တွေမြို့က လူငယ်တွေစုပေါင်းပြီး ပြုလုပ်ခဲ့ရတာလို့ ဒီလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ ကိုထွန်းကိုကို ကပြောပါတယ်။

ဒီအခမ်းအနားမှာ စစ်တွေမြို့က လူငယ် (၃၀) ဝန်းကျင်ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူရွတ်ဆိုတာ၊ တစ်မိနစ်ငြိမ်သက်တာ၊ ဆီမီးထွန်းဂါရဝပြုတာတွေ လုပ်ခဲ့ကြပါတယ်။

RFA