၀န်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို မယ်စဲ့မှာ ပြန်နိုင်

09-Nov-2020

စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဖြုတ်ချခံရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာကနေ ရွေးကောက်ပွဲအနိုင်ရရှိကြောင်း သူ့ဖေ့စ်ဘွတ်ကနေ ပြောပါတယ်။

NLDပါတီကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့ ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာအတွက် ကြိုတင်မဲနဲ့ ဆန္ဒမဲ အားလုံးမှာ ခိုင်လုံမဲရရှိမှု ၇၄ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

အားနည်းချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး တာဝန်ကို ထမ်းဆောင်သွားမယ်လို့ ကတိပြုကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။