ဝဋ်ကြွေးတော်ပြေစေတီ

Listing Description

ဝဋ်ကြွေးတော်ပြေစေတီသည် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ အမှတ် (၄၂) ရပ်ကွက်၊ မေတ္တာချောင်းကူး၊ ဗိုလ်မှူးဗထူးလမ်းတွင် တည်ရှိပါသည်။ မယ်လမုစေတီတော်၏ တစ်ဘက်ကမ်းတွင် တည်ရှိပြီး ငမိုးရိပ်ချောင်းကို စက်လှေဖြင့်ဖြတ်သန်း၍ သွားရောက်ဖူးမြော်နိုင်ပါသည်။ ရန်အောင်မြေကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသိရီပါလ (ဒီပါရာမသာသနာပြု)မှ အဓိဌာန်ဖြင့် တည်ထားပူဇော်ထားသော ဝဋ်ကြွေးတော်ပြေ ဘုရားပုရဝုဏ်အတွင်းတွင် ဝဋ်ကြွေးတော်ပြေစေတီ၊ အမျက်တော်ပြေစေတီ၊ နဂါးရုံဘုရားကြီး၊ သယမ္ဘူစံစေတီ၊ အောင်ပြည့်ဒိဗ္ဗဘုရားကြီး၊ ကျေးဇူးတော်ဆပ်မြတ်စေတီ၊ ရှစ်သောင်းလေးထောင်လိုချင်တိုင်းပြည့်ဘုရား၊ လွတ်ငြိမ်းစံစေတီ၊ ကတညုတဘုရား(အောင်မြေ)၊ မဟာကိုးသိန်းကိုးသန်းစေတီတော်၊ ကံကြွေးတော်ပြေ၊ ကြံတိုင်းပြည့်ဝဘုရားတို့ကို တည်ထားပူဇော်ထားပါသည်။ ဘုရားစေတီတစ်ဆူချင်းစီတွင် အဓိဌာန်ရည်ရွယ်ချက်တို့ကို ဖော်ပြထားပါသည်။ နှစ်စဉ်နှစ်တိုင်း ပြာသိုလတွင် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါသည်။