ရွှေနံ့သာစေတီ

Listing Description

ရွှေနံ့သာစေတီတော်သည် ဟံသာဝတီ ပဲခူးမြို့ဟောင်းအနီး၊ ပဲခူးမြို့အရှေ့ဘက်၊ ရွှေနံ့သာကျောင်းတိုက်အတွင်း၌ တည်ရှိပါသည်။ ဟံသာဝတီဓမ္မစေတီမင်းလက်ထက်တွင် သီဟိုဠ်ကျွန်းမှ ကျောက်သား ရွှေနံ့သာ ရုပ်ပွားတော် ငါးဆူပင့်ဆောင်လာခဲ့ရာ ရုပ်ပွားတော်နှစ်ဆူကို ရွှေနံ့သာ ကျောင်းတိုက်အတွင်း၌ အာလိန် ၃ ဆင့်ခံ အုတ်ဂူဗိမာန် တန်ဆောင်းဖြင့် တည်ထားကိုးကွယ်ခဲ့ကြပါသည်။ ၁၂၃၇ ခုနှစ်တွင် ရွှေနံ့သာဘုရာ တောင်ထောင့်ကုန်းထိပ်တွင် ပိဋကတ်တိုက်ဟောင်းနေရာ၌ စေတီတော် တစ်ဆူတည်ထားပြီးလျှင် တောင်ဖက်နှင့် မြောက်ဖက်မုခ်လိုဏ်တို့တွင် ဌာပနာခဲ့ပါသည်။ ကျန်ရုပ်ပွားတော် သုံးဆူအနက် တစ်ဆူကို မဆင်းချောင်းပါးတွင်လည်းကောင်း၊ တစ်ဆူကို ကမာနတ်ရွာ၌လည်းကောင်း၊ တစ်ဆူကို စွမ်ပိရွာ၌လည်းကောင်း တည်ထားကိုးကွယ်ခဲ့ကြပါသည်။ နှစ်ကာလကြာမြင့်လာ၍ ဂူများပျက်စီးသဖြင့် ၁၂၄၀ ပြည့်နှစ်တွင် ရုပ်ပွားတော်များကို ဂူ၏အရှေ့တောင်ထောင့်သိမ်ထဲသို့ ရွှေ့ပြောင်း ပင့်ဆောင်ပူဇော်ခဲ့ကြပါသည်။ ရွှေနံ့သာစေတီတော်သည် ဖိနပ်တော်အခင် တစ်မျက်နှာလျှင် ၃၃ တောင်၊ ဉာဏ်တော်အမြင့် အတောင် ၄၀၊ ပစ္စယာသုံးဆင့်ရှိပါသည်။ ၁၂၉၆ ခုနှစ် တပေါင်းလတွင် ရန်ကုန်မြို့မှ ဦးတာပိုးနှင့် ဒါယကာ၊ ဒါယိကာမများက ပြုပြင်မွမ်းမံခဲ့ရာ ၁၂၇၁ ခုနှစ် တပေါင်းလဆန်း ၂ ရက်နေ့တွင် ပြီး၍ ၁၂၇၃ ခုနှစ်တွင် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပါသည်။