လောကမာရဇိန်ဘုရားကြီး

Listing Description

လောကမာရဇိန်ဘုရားကြီးသည် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဦးရာဇတ်လမ်းအနီးတည်ရှိသည်။ မင်းတုန်းမင်းတရားကြီး၏ တာဝန်ပေးအပ်ချက်အရ ဆင်ဝန်ဦးဖိုးမောင်က တည်ထားခဲ့ပြီး  ၁၈၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရွှေထီးတော်တင်လှူ ပူဇော်ကိုးကွယ်ခဲ့ပါသည်။ လောကမာရဇိန်ဘုရားကြီးအနီးတွင် လက်ဝဲဝင်းတော်မှူး၊ မြင်စုကြီးဝန် နှင့် မြို့နယ်လူထုတို့က မြန်မာသက္ကရာဇ် ၁၂၄၅ ခုနှစ်၌တည်ထားသော လောကရန်နှိမ်ဘုရားကြီးနှင့် ၁၂၉၆ ခုနှစ်တွင် သူဌေးဦးလန်းနှင့်ဒေါ်မမလေးတို့မှ ဆောက်လုပ်လှူဒါန်းခဲ့သော ကိုးခန်းဇရပ်ကြီးတစ်ဆောင်ရှိသည်။ သမိုင်းဝင် ဆုတောင်းပြည့်လောကမာရဇိန်ဘုရားကြီးတွင် နှစ်စဉ် တပေါင်းလ၌ ဘုရားပွဲတော်ကြီးကျင်းပလာခဲ့ရာ ပျဉ်းမနားမြို့၏ အစည်ကားဆုံး ဘုရားပွဲတော်ကြီးတစ်ခုအဖြစ် လူသိများပါသည်။