ဆုတောင်းပြည့်ရန်ကင်းစေတီ

Listing Description

တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက် အတွင်းရှိ ရန်ကင်းတောင်ပေါ်၌ တည်ရှိသည်။ ထိုတောင်ပေါ်၌ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် သဲပုံစေတီ ရှိခဲ့သည်။ ထိုသဲပုံစေတီကို ထပ်ဆင့်၍ ၁၂ ပေ ပတ်လည်ရှိသော စေတီငယ်တစ်ဆူကို ညောင်ပင်သာရွာသူကြီး ဦးဖိုးလှိုင်၊ ဦးနေရိန္တိဗုတ်၊ သင်္ကန်းပွင့်စသော စေတနာရှင်များက ၁၉၅၁ ခုနှစ်တွင် တည်ထားခဲ့သည်။ စေတီတော်ကို အာရုံခံအောက်ခံပေါ်တွင် တည်ထားပြီး အာရုံခံအမြင့် ၁၂ ပေ၊ စေတီတော် ဉာဏ်တော်အမြင့် ၁၅ ပေရှိသည်။ စေတီ၏ဘေးပတ်လည်တွင် အရံစေတီ ၈ ဆူ ရှိပြီး ဉာဏ်တော်အမြင့် ၇ ပေစီ ရှိသည်။