ရတနာမာန်အောင်စေတီ

Listing Description

ညောင်ရွှေမြို့ရှိ စော်ဘွားကြီး ဆာစဝ်မောင်၏ ကုသိုလ်တော်ဖြစ်သော ရတနာမာန်အောင်စေတီသည် ရှမ်းပြည်နယ်တွင် ကြီးကျယ်ခမ်းနားသော ဘုရားတစ်ဆူဖြစ်ပြီး ဂန္ဓကုဋီတိုက်အတွင်း၌ ဉာဏ်တော်ကြီးမားသော ကြေးသွန်းရုပ်ပွားတော်ကြီး ကိန်းဝပ်စံပယ်လျက်ရှိပါသည်။ ‌စေတီဝန်းအတွင်းတွင် စော်ဘွားကြီးဆာစဝ်မောင်နှင့် ဇနီး မဟာဒေဝီ စဝ်နန်းယာတို့၏ ဂူဗိမ္မာန် ရှိသည်။  ရတနာမာန်အောင်ဘုရားအနီးတွင် ကျောက်တော်ကြီးဘုရားကိုလည်း ဖူးမြော်နိုင်ပါသည်။