ညီတော်စေတီ (ခေါ်) နရနုစေတီ

Listing Description

မြောက်ဦးမြို့ လေးမျက်နှာပုထိုးတော်ကြီးနှင့်ကပ်လျက် မြောက်ဘက်တွင် တည်ရှိသည်။ သက္ကရာဇ် ၇၉၅ ခုနှစ်တွင် ဘုရင်မင်းစောမွန်၏ ညီတော် နရနုမင်းသားက နောင်တော်၏ကောင်းမှုတော် လေးမျက်နှာပုထိုးတော်ကြီးအနီး၌ ဤစေတီကို တည်ထားကိုးကွယ်ခဲ့သည်။ ညီတော်စေတီ၏ ဂူထဲတွင် ဉာဏ်တော်အမြင့် ၁၀ ပေခန့်ရှိသော ကျောင်းဆင်းတုတော်တစ်ဆူ ကိန်းဝပ်လျက်ရှိသည်။ ဂူထဲသို့ဝင်ပေါက်၏ လက်ဝဲလက်ယာတို့၌ ဂူပေါက်ငယ် ၂၈ ခုရှိပြီး ထိုဂူပေါက်ငယ်တစ်ခုစီတွင် ဆင်းတုတော်တစ်ဆူစီ ကိန်းဝပ်စံပယ်လျက်ရှိသည်။