ရင်မနားဘုရား

Listing Description

ရင်မနားဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးကားလမ်း၏ မြောက်ဘက်၊ ဥပါလိသိမ်၏ အနောက်ဘက်တွင် တည်ရှိပါသည်။ ရင်မနားဘုရားသည် နှစ်ထပ်ဂူဘုရားလတ်တစ်ဆူဖြစ်ပြီး ပုဂံရာဇဝင်တွင် နာမည်ကြီးသော ဂူဘုရားတစ်ဆူဖြစ်ပါသည်။ ကျန်စစ်သားသည် စောလူးမင်း၏ရန်မှအလွတ်ရုန်းထွက်ရန် သရဗေတံခါးမှ အရှေ့အရပ်သို့ ပြေးလွှားခဲ့ရာ ယခု ရင်မနားဘုရားတည်နေရာအရောက် ရင်ကိုမ၍နားခဲ့‌သောနေရာတွင် မိမိထီးနန်းရရှိပြီးသောအခါ အထိမ်းအမှတ် ဂူဘုရားတည်ထားခဲ့သည်ဟု ဆိုပါသည်။