ဝပ်ကျင်းဘုရား

Listing Description

ဝပ်ကျင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ပုဂံနန်းတော်သစ်၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ အရှေ့ဘက်မုခ်လှည့်ဂူကုပ်၊ ဂူပြတ်ဘုရားငယ်တစ်ဆူဖြစ်ပြီး ကျန်စစ်သားသည် စောလူမင်းရန်မှ ပြေးလွှားရင်း ကျုံးအရှေ့ဘက်ရှိ ကျင်းကြီးတစ်ခု၌ ဝပ်လျက်ပုန်းအောင်းခဲ့ရာ ရဲမက်များမမြင်ဘဲ လွတ်မြောက်ခဲ့သည့် နေရာ၌ နောင်အခါတွင် အထိမ်းအမှတ်ဂူဘုရားငယ်တစ်ဆူ တည်ထားခဲ့ပြီး ဝပ်ကျင်းဘုရားဘွဲ့အမည်သမုတ်ခဲ့သည်ဟု သိရပါသည်။ ဝပ်ကျင်းဘုရား၏ အမိုးခုံးမှာ ရှေးဦးမွန်လက်ရာပုံစံဖြစ်ပြီး ဘုရားမှာ အင်္ဂတေပန်းလက်ရာများ မပါရှိသေးသဖြင့် ပုဂံရှိ ကွမ်းတောင်ပေါက်ဘုရားများတွင် အစောဆုံးတည်ရှိသောဘုရားဟု ပုဂံရှေးဟောင်းသုတေသီ ဦးဗိုကေက သုံးသပ်ထားပါသည်။ ဝပ်ကျင်းဘုရားနှင့် ကပ်လျက်တွင် ကျန်စစ်သားမင်းတည်ထားသော ပုခက်လွှဲဘုရား (ခေါ်) တစ်ဖက်လွှဲဘုရား ရှိပါသည်။