တဝဂူစေတီ

Listing Description

အောင်မြေသာစံမြို့နယ်၊ ၈၂ လမ်း၊ လမ်း ၂၀ နှင့် ၂၁ လမ်းကြား၊ ပုလဲငွေရောင်ရပ်ကွက်တွင် တည်ရှိပါသည်။ အင်းဝခေတ် ရွှေနန်းကျော့ရှင် နရပတိမင်း လက်ထက်တွင် ဆင်ဖြူတော် လျောင်းစက်ရာ၌ တည်သောဘုရား ဖြစ်ပါသည်။ ဆင်ဖြူတော် မြောက်သို့လှည့်၍ အိပ်စက်ရာကိုမှီး၍ မုခ်ပေါက်လှည့်တည်ခဲ့ရာ မုခ်ပေါက်တစ်ပေါက်သာရှိ၍ တဝဂူဘုရားဟု ဘွဲ့အမည်တွင်ခဲ့သည်။ သီပေါမင်းလက်ထက်တွင် ပြန်လည်ပြုပြင် တည်ထားကိုးကွယ်ခဲ့ပါသည်။ နှစ်စဉ် နတ်တော်လတွင် ဘုရားပွဲတော်ကျင်းပပါသည်။