တကောင်းမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ

Listing Description

ပျူမြို့ဟောင်းဖြစ်သော တကောင်း‌မြို့သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင်ပါဝင်သော မြို့နယ်ခွဲအဆင့်ရှိ မြို့တစ်မြို့ဖြစ်ပြီး မန္တလေးမြို့မှ ၁၂၇ မိုင်ခန့်ကွာဝေးကာ တကောင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဟူ၍လည်း ထင်ရှားသည့် မြို့ဟောင်းတစ်ခုဖြစ်ပါသည်။ တကောင်းရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် တကောင်းရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ တကောင်းမြို့ရိုးဟောင်း၊ မြောက်ယဉ်စွန်းတန်းဖြတ်သန်းသွားသည့်နေရာ၊ နဂါးနိုင်မင်း မောင်ပေါက်ကျိုင်း အထိမ်းအမှတ် ပေါက်ကျိုင်းစေတီ၊ အလောင်မင်းတရားကြီး ဦးအောင်ဇေယျတည်ထားခဲ့သော အောင်မြေစေတီ၊ ရာဇဝင်တွင် နာမည်ကျော်သော ကံရာဇာကြီး၊ ကံရာဇာငယ်တို့၏ ဘုရားတည်ပြီး ထီးနန်းယူကြစဉ်က ထီးနန်းမရလိုက်သော ကံရာဇာကြီးတည်ထားခဲ့သောစေတီ၊ စည်းခုံကြီး ဘုရားမြေနေရာ၊ ရွှေဇာလီဘုရား၊ ခေါင်းတိုက်ဘုရား၊ ဇိနအောင်မြေဘုရား၊ အနော်ရထာမင်းကြီးကောင်းမှု လေးမျက်နှာဘုရား စသည့် ရှေးဟောင်းနေရာများသို့ လေ့လာလည်ပတ်နိုင်ပါသည်။