စူဠာမုနိလောကချမ်းသာစေတီတော်

Listing Description

တောင်ကြီးမြို့တောင်ဘက် သီရိပုညဝဎန ကုန်းတော်ပေါ်တွင် တည်ရှိပါသည်။ ကုန်းတော်၏အမြင့်မှာ ပေ ၃၀၀ ခန့်ရှိပြီး ကုန်းတော်အထက် မြေမျက်နှာပြင်အကျယ်အဝန်းသည် ၁.၅ ဧက ရှိပါသည်။ စေတီတော်အား တောင်ကြီးမြို့၏ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ၁၉၉၄ ခုနှစ် မတ်လ ၂၆ ရက်နေ့တွင် စတင်တည်ထားကိုးကွယ်ခဲ့သည်။ စေတီတော်၏ပုံစံကို ပုဂံရှိရှေးဟောင်းအာနန္ဒာဘုရား၏ သုံးပုံနှစ်ပုံ အချိုးစားကို ယူ၍ တည်ထားခဲ့သည်။ သို့သော် အာနန္ဒာစေတီကဲ့သို့ လိုဏ်ပတ်လမ်း နှစ်ထပ်တည်ဆောက်ခြင်းမပြုပဲ လိုဏ်ပတ်လမ်းတစ်ခုသာထားရှိပါသည်။ စေတီတော်သည် ဉာဏ်တော်အမြင့် ၁၀၈ ပေ၊ လိုဏ်ပတ်လမ်း တစ်ဘက်အရှည် ၈၈ ပေ၊ အကျယ် ၉ ပေ ရှိပါသည်။ ဂန္ဓိကုဋီတိုက်အတွင်း မုဒ်လေးမုဒ်တွင် ပွင့်တော်မူပြီးသော ဘုရားရှင်တော်တို့၏ မတ်ရပ်ရုပ်ပွားတော် လေးဆူ ရှိပါသည်။