ဓာတုစယဓာတ်ပေါင်းစုစေတီတော်

Listing Description

ဓာတုစယဓာတ်ပေါင်းစုစေတီတော်သည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူကျက်သရေလမ်းကြီးဘေး  မင်္ဂလကုန်းတော်တွင် တည်ရှိသည်။ ၁၃၆၇ခုနှစ် ပြာသိုလပြည့်ကျော်(၁၃)ရက်နေ့တွင် ပန္နက်တော်တင်၍ ၁၃၆၉ခုနှစ် ကဆုန်လပြည့်ကျော်(၅)ရက်နေ့တွင် ရွှေထီးတော်တင်နှင့် ဗုဒ္ဓဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနားများဖြင့် တည်ထားခဲ့ပြီး ဓာတုစယဓာတ်ပေါင်းစုစေတီတော် ဟုဘွဲ့အမည်သမုတ်တော်မူခဲ့ပါသည်။ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီးကို ပုဂံ၊ပင်းယ၊အင်းဝ၊အမရပူရနှင့်ကုန်းဘောင်စသည့် ခေတ်အဆက်ဆက်မှ တည်ထားကိုးကွယ်ခဲ့သည့် လွှတ်တော်အဆောက်အဦးဝင်းအတွင်းမှ စေတီဟောင်း ၇ ဆူ၊ သမ္မတနှင့်ဒုတိယသမ္မတအိမ်တော်ဝင်း အတွင်းမှစေတီဟောင်း ၃ ဆူတို့၏ ဓါတ်တော်မွေတော်များနှင့် ဆရာတော်ကြီးများ ပူဇော်ကိုးကွယ်ထားသော ဓာတ်တော်မွေတော်များအား ပပျောက်မသွားစေရန်နှင့် အဓွန့်ရှည်စွာ ဖူးမြော်နိုင်စေရန် ဓာတ်ပေါင်း၍တည်ထားတော်မူခဲ့ပါသည်။ ဓာတုစယစေတီတော်အနီး အနောက်တောင်ထောင့်တွင်လည်း မန္တလေးမဟာမုနိရုပ်ပွားတော်မြတ်ကြီး ပုံတော်တူ နေပြည်တော်မဟာမုနိရုပ်ပွားတော်မြတ်ကြီး တည်ရှိပါသည်။