စန္ဒာမုနိဘုရားနှင့် ကျောက်စာများ

Listing Description

စန္ဒာမုနိဘုရားသည် မန္တလေးမြို့ အရှေ့ကျုံး (၆၆)လမ်း နှင့် ပရိယတ္တိသာသနာ့တက္ကသိုလ် လမ်းဆုံ၊ ကုသိုလ်တော်ဘုရား နှင့် ကျောက်တော်ကြီးဘုရားဝန်းတို့အကြားတွင် တည်ရှိသည်။ ဘုရားဝန်းအတွင်းတွင် ရသေ့ကြီး ဦးခ္တီ၏ကောင်းမှုဖြစ်သော ကမ္ဘာ့ဒုတိယအကြီးဆုံးစာအုပ်ကြီးဟု တင်စားခေါ်ဆိုနိုင်မည့် ပိဋကတ်သုံးပုံ အဋ္ဌကထာနှင့် ဋီကာကျမ်းများ ရေးထိုးထားသည့် ကျောက်စာချပ်ရေ ၁၇၇၂ ချပ် နှင့် မှတ်တမ်းကျောက်စာ ၂ ချပ် တည်ရှိနေသည်။