စောလှဝိုင်းဘုရား

Listing Description

စောလှဝိုင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ယွန်းပညာကောလိပ်၏ အရှေ့ဘက်၌ တည်ရှိပါသည်။ စောလှဝိုင်းဘုရားသည် နရပတိစည်သူမင်းလက်ထက် မနုဟာဘုရင်၏မြေး မွန်အမတ်အသဝတ်ဓမ္မာ၏ဇနီး ကောင်းမှုဖြစ်သည်။ ကျောက်စာအရ အသဝတ်ဓမ္မာအမတ် အနိစ္စရောက်သောအခါ ဇနီးဖြစ်သူက စောလှဝိုင်းဘုရားမတည်မီ အသဝတ်ဓမ္မာသင်္ချိုင်းဂူကို အလျင်ဆောက်လုပ်ခဲ့ပြီး ထိုသင်္ချိုင်းဂူအား အတွင်းမှဌာပနာ၍ စောလှဝိုင်းစေတီအလတ်စားကို တည်ထားခဲ့ခြင်းဖြစ်ပါသည်။