ပြည်သူ့ကျန်းမာရေးတက္ကသိုလ်(ရန်ကုန်)

Listing Description

ပြည်သူကျန်းမာရေးတက္ကသိုလ်သည် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ မြို့မကျောင်းလမ်း၊ အမှတ်(၂၄၆) တွင်တည်ရှိပါသည်။ ၂၀၀၇ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးနှင့် ပတ်သက်၍ ဘွဲ့လွန်သင်တန်းများအတွက်ပညာရေးဆိုင်ရာဌာနအဖြစ်တရားဝင်တည်ထောင်ခဲ့ပါသည်။ တက္ကသိုလ်သည် South-East Asia Public Health Education Institution Network (SEAPHEIN)၏ အဖွဲ့ဝင်တစ်ခုဖြစ်ပါသည်။ ဤတက္ကသိုလ်တွင် ဆရာဝန်များ(M.B.,B.S)၊ သွားဆရာဝန်များ (B.D.S)၊ သူနာပြုများ (B.N.Sc)၊ ကျန်းမာရေးဝန်ထမ်းများ (B.Comm.H) စသည့် ဆေးပညာနှီးနွယ်တက္ကသိုလ်များမှ အောင်မြင်ပြီးစီးထားသူများ တက်ရောက်သင်ကြားခွင့်ရှိပါသည်။ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်တွင် ဆေးရုံအုပ်ချုပ်မှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှု မဟာဘွဲ့ [M.Med.Sc in Hospital Administration and Health Management]၊ ပြည်သူ့ကျန်းမာရေး ဘွဲ့လွန် [Master of Public Health]၊ ပြည်သူ့ကျန်းမာရေး ဒေါက်တာဘွဲ့ [PhD in Public Health]၊ ဆေးသိပ္ပံပညာ ဒီပလိုမာ [Diploma in Medical Science]၊ ဆေးပညာပေး ဒီပလိုမာ [Diploma in Medical Education] တို့ကို သင်ကြားပေးပါသည်။