ကွမ်တုံကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်း

Listing Description

ကွမ်တုံကွမ်ရင်ဘုရားကျောင်း‌ (ဝါ) ကွမ်ရင်ဗုဒ္ဓဘာသာဘုရားကျောင်းသည် ရန်ကုန်မြို့၊ လသာမြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် လသာလမ်းထောင့်၊ အမှတ် ၆၆၈ တွင် တည်ရှိသည်။ အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ မဖြစ်ပွားမီကပင် သစ်သားအဆောက်အဦ အဖြစ် တည်ရှိသည်။ ၁၈၅၅ ခုတွင် မီးလောင် ပျက်စီးပြီး ၁၈၆၈ တွင် အသစ် ပြန်လည်တည်ဆောက်သည်။ ၁၈၇၂ ခုနှစ်တွင် တိုးချဲ့မွမ်းမံမှုပြုပြီး ၁၈၈၈ ခုနှစ်တွင်လည်း ထပ်မံပြုပြင်သည်။ ကွမ်းတုံ/ ကွမ်တုံး/ ကန်တုံ စသဖြင့် အသံထွက် အနည်းငယ် ခြားနားသော်လည်း အသံထွက် အမှန်မှာ ကွမ်တုံး ဖြစ်သည်။ ကွမ်တုံးလူမျိုးတို့ ကိုးကွယ်ရာ ကွမ်ယင်မယ်တော်ကျောင်း ဖြစ်သည်။ စဉ့်အိုးတန်းလမ်း၌ ဖူကျန့်လူမျိုးတို့ ကိုးကွယ်သော ခိန့်ဟုတ်ဗုဒ္ဓဘာသာဘုရားကျောင်းလည်း ရှိသည်။ ကွမ်းယင်းကိုလည်း ကွမ်းရင်/ ကွမ်ယင်/ ကွမ်ရင် စသဖြင့် အမျိုးမျိုး ရေးကြ ခေါ်ကြသေးသည်။ အသံထွက်အရ ရေးရမည်ဆိုပါက ကွမ်းယင်း ဖြစ်သည်။ ယခုကာလတွင် ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ် အဆောက်အအုံအဖြစ် သတ်မှတ်ထားသည်။