ပြည်ခရိုင်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

Listing Description

ပြည်  နိုဝင်ဘာ  ၉

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ  ၈ ရက်တွင် ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် ပြည်ခရိုင် ခြောက်မြို့နယ်မှ မဲရုံပေါင်း ၉၉၅ ရုံ၊ မဲဆန္ဒရှင်ပေါင်း  ၇၃၇၁၉၇ ဦးတို့သည် နံနက် ၆ နာရီမှစ၍  မဲရုံအသီးသီးတွင် အေးချမ်းစွာ ဆန္ဒမဲပေးကြသည်။  ထို့နောက် ညနေ ၄ နာရီတွင် မဲရုံများပိတ်သိမ်း၍  မဲရေတွက်ခြင်းလုပ်ငန်းများကို  နေရာလပ်မကျန်  အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

မောင်ရွှေဝင်း(ပြည်)