ဖားဘောင်ဂူ

Listing Description

ဖားဘောင်ဂူသည် မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် လမုခိုကျေးရွာအုပ်စု ဝါးပြန်ကုန်ကျေးရွာ၏ အနောက်တောင်ဘက် တစ်မိုင်နှစ်ဖာလုံခန့်တွင် တည်ရှိပါသည်။ ဖားဘောင်ဂူသည် မွန်ပြည်နယ်အတွင်းရှိ ဂူများအနက်မှ အကြီးဆုံး သဘာဝထုံးကျောက်ဂူတစ်ခုဖြစ်ပြီး ဂူအတွင်းတွင် ရှေးဟောင်းဘုရားစေတီများရှိသကဲ့သို့ သန်းနှင့်ချီသော လင်းနို့များလည်းရှိသော ဂူတစ်ခုလည်းဖြစ်သည်။ ဖားဘောင်တောင်ဧရိယာ ၄၆၆ ဒသမ ဝ၇ ဧကနှင့် သာသနာမြေ ၁၁ ဒသမ ၄၃ ဧကကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သဘာဝကြိုးဝိုင်း အဖြစ် သတ်မှတ်ပေးထားပါသည်။ ဖားဘောင်တောင် (ဖားဘောင်ဂူ) သည် တောင်ဘက်မှ မြောက်ဘက်သို့ စီးဆင်းနေသည့် အတ္တရံမြစ် နှင့် ယှဉ်ကပ်လျက် တောင်မြောက် သုံးမိုင်ခန့် ရှည်လျားသည်။