ခရုံဂူ

Listing Description

ခရုံဂူသည် မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ခရုံကျေးရွာ အတွင်းတည်ရှိပြီး မော်လမြိုင်မြို့မှ မြောက်ဘက် ၁၂ မိုင်ခန့်ဝေးကွာသော နေရာတွင်တည်ရှိပါသည်။ သဘာဝထုံးကျောက်ဂူ အမျိုးအစားဖြစ်ပြီး သံလွင်မြစ်၏ မြစ်လက်တတ်ဖြစ်သော အတ္တရံမြစ်၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ခရုံဂူ၏ အတွင်းနံရံနှင့် အမိုးမျက်နှာကြက်တွင် ညောင်ရမ်းခေတ် (အေဒီ ၁၇ရာစု ခန့်မှန်း) က လက်ရာများဖြစ်သော အလျား ၃ လက်မ အနံ ၆ လက်မ အထု ၀.၆ လက်မခန့်ရှိသည့် မြေမီးဖုတ် အုတ်ချပ် ဗုဒ္ဓဆင်းတုတော်များ ကပ်လှူပူဇော်ထားပါသည်။ ဂူအတွင်းတွင် နှောင်းခေတ်မှအလှုရှင်များ လှုဒါန်းထားသော ဗုဒ္ဓဆင်းတုတော်ပေါင်း(၆၅)ဆူပြီး (၅)ဆူမှာ လျောင်းတော်မူရုပ်ပွားတော်များ ဖြစ်သည်။ ခရုံဂူအား ၁၉၇၅ ခုနှစ်မှစတင်ပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန တို့မှ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။