အတ္တရံတံတား(စံပယ်ဂူ)

Listing Description

အတ္ထရံမြစ်ကူး(စံပယ်ဂူ)တံတားသည် ကျိုက်မရော မြို့နယ် ကျိုက်မရော- စံပယ်ဂူ- ကော့ပနော လမ်းပိုင်း ကျိုက်မရောမြို့အရှေ့ဘက် နှစ်မိုင် လေးဖာလုံ အကွာတွင်တည်ရှိပါသည်။ အဆိုပါတံတား တည်ဆောက်ရေးစီမံကိန်းကို ၂၀၁၈ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၃ ရက်နေ့တွင် အခမ်းအနားဖြင့် တံတားအား ဖွင့်လှစ်ခဲ့ပါသည်။ တံတားအမျိုးအစားသည် ပင်မတံတား သံမဏိ သံပေါင်ခုံးတံတား၊ ချဉ်းကပ်တံတား ကြိုတင်အားဖြည့် သံကူကွန်ကရစ် ရက်မ၊ သံကူကွန်ကရစ်ကိုယ်ထည်ဖြစ်ပြီး တံတားအရှည် ၂၁၁၃ ပေ ၂ လက်မ၊ တံတားအကျယ် ၃၄ ပေ ၆ လက်မ၊ ရေလမ်းကင်းလွတ်အမြင့် ၄၆ ပေ၊ ရေလမ်းကင်းလွတ်အကျယ် ပေ ၃၆၀ နှင့် တံတားခံနိုင်ဝန် တန် ၆၀ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့(၁၄) မှ တာဝန်ယူတည်ဆောက်ခဲ့ကာ တံတား၏စီမံကိန်းတန်ဖိုးမှာ ငွေကျပ်သန်းပေါင်း ၁၈၀၀၀ ရှိကြောင်း သိရသည်။ အဆိုပါတံတားမှ မော်လမြိုင်- ကျိုက်မရောမြို့မှတစ်ဆင့် တရနာ- ဘုရားကုန်းလမ်းသို့ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည့်အပြင် မုဒုံ- မြဝတီလမ်းမှတစ်ဆင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့သို့လည်းကောင်း၊ ကော့ကရိတ်မြို့နှင့် မြဝတီမြို့များသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါသည်။