ခရီးသွားကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ကျိုက်မရော ခုနစ်ခွေတောင် ဗျူးပွိုင့်နေရာတွင် အပန်းဖြေစရာနေရာများ ပြုလုပ်ပေး

Listing Description

ကျိုက်မရော ဇန်နဝါရီ  ၁၀

မွန်ပြည်နယ် ကျိုက်မရောမြို့၏ သာယာလှပသော   ရှုခင်းများနှင့်   ထင်ရှားကျော်ကြားသော နေရာများကို ခုနစ်ခွေတောင်ထိပ် ဗျူးပွိုင့်ပေါ်မှ ကြည့်ရှုခံစားရင်း အပန်းဖြေစရာ နေရာအသစ်များကို  ယနေ့နံနက်   ၁၀  နာရီက   အဆိုပါ  ခုနစ်ခွေတောင်ပေါ်၌ ပြုလုပ် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗျူးပွိုင့်နေရာသည် ကျိုက်မရော-မုဒုံသွား ကားလမ်းမကြီးပေါ်၌  တည်ရှိပြီး  ကျိုက်မရောမြို့၏ ရေမြေတောတောင် သဘာဝအလှများ၏ သာယာလှပပုံကို တောင်ထိပ်ပေါ်မှ ကြည့်ရှုရသည့်ထူးခြား သည့်  စိတ်ခံစားမှုကို သန့်ရှင်းလတ်ဆတ်သော လေကိုရှူရှိုက်ရင်း ခရီးသွားပြည်သူများနှင့် ဒေသခံ များအတွက် အပန်းဖြေအနားယူစရာ ထိုင်ခုံများ၊ နေ့စဉ် ကျန်းမာရေးအတွက်  လမ်းလျှောက်သူ၊ အဖွဲ့လိုက် စက်ဘီးစီးသူများ အမောဖြေရင်း အားကစားလေ့ကျင့်ခန်းများ  ဆောင်ရွက်နိုင်ရန် နေရာသီးသန့်ထားရှိပေးခြင်းများ၊ ခရီးသွားများ အနားယူစရာ စတီးထိုင်ခုံရှည်များ၊ စတီးပိုက်များကို ကျိုက်မရောမြို့ပေါ်ရှိ စေတနာရှင်များ၊ ပရဟိတ လူငယ်အဖွဲ့များ၊ အဝေးရောက် ကျိုက်မရောမြို့သူ မြို့သားများက စုပေါင်းလှူဒါန်းပြုလုပ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ချိုချို( ပြန်/ဆက်)