မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီး

Listing Description

မဟာသကျရံသီရုပ်ရှင်တော်မြတ်ကြီးသည် နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ ဖိုးစောင်းတောင်ရှိ အောင်မောဠိတောင်ညွန့်ထက်၌ တည်ရှိပါသည်။ ဉာဏ်တော်အမြင့် ၃၂ပေရှိ ရပ်တော်မူ ကိုယ်တော်ကြီး ဖြစ်ပြီး တန်ချိန်ပေါင်း ၁၀၉ တန်ရှိ၍ စကျင်ကျောက် ရပ်တော်မူ ဆင်းတုများအနက် ဉာဏ်တော်အမြင့်ဆုံး ရုပ်ရှင်တော်မြတ်ကြီးဖြစ်သည်။ ၂၀၁၄ ခုနှစ် ဩဂုတ်လ ၃ ရက် တနင်္ဂနွေနေ့တွင် စတင်တည်ထားခဲ့ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ရက် ကြာသပတေးနေ့တွင် ပြီးစီးခဲ့ပါသည်။ ပုဂံအာနန္ဒာလိုဏ်တော်အတွင်းရှိ ကဿပဘုရားရှင်၏ အရွယ်တူ၊ ပုံစံတူ ရပ်တော်မူရုပ်ပွားတော်အတိုင်း ထပ်ထူထပ်မျှဖြစ်စေရန် ထုလုပ်ခဲ့ခြင်းဖြစ်ပြီး မူလလက်ရာအတိုင်းပင် အနီးမှဖူးလျှင် တည်ကြည်ဟန်၊ အလယ်မှဖူးလျှင် ပြုံးနေဟန်၊ အဝေးမှဖူးလျှင် ကြည်လင်ဝင်းပပြုံးနေဟန် စသည့် ခံစားမှုများကိုလည်း တွေ့ရှိခံစားရမည် ဖြစ်သည်။ ရုပ်ပွားတော်ကြီး၏ မျက်နှာစာ တောင်ဘက်မုခ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၈ဝ ခန့်ကပင် တောင်ညွန့်၌ တည်ရှိခဲ့သည့် ပညောင်ပင်ကြီးကို ရုပ်ပွားတော်နှင့်အတူ ပနံတင့်စွာ တွေ့မြင်နိုင်သည်။ မဟာသကျရံသီ ရပ်တော်မူ ရုပ်ပွားတော်၏ ရင်ပြင်တစ်ခုလုံးမှသည် နေပြည်တော်နယ်မြေတစ်ခွင်ကို ကောင်းစွာမြင်တွေ့ရပြီး ကြည်ညိုဖွယ်ရာ ဥပ္ပါတသန္တိစေတီတော်၊ ရေဆင်းဆည်၊ ဝန်ကြီးရုံးများ၊ ဟိုတယ်ဇုန်များနှင့် စိမ်းစိုသောတောင်တန်းများ လိုက်ဖက်စွာတည်ရှိနေသည်ကို တွေ့မြင်နိုင်ပါသည်။