နဘုလယ်စက်တော်ရာ

Listing Description

နဘုလယ်စက်တော်ရာသည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ရွာရှိ ဗုဒ္ဓမြတ်စွာ၏ လက်ဝဲခြေရာတော်စစ်ဖြစ်ပြီးထားဝယ်မြို့မှ မိုင် ၂၀ ကျော်ခန့်ကွာဝေးကာ ကား/ ဆိုင်ကယ်များဖြင့် သွားရောက်ဖူးမြော်နိုင်ပါသည်။ စက်တော်ရာဘုရား တည်ရှိသည့် နဘုလယ်ရွာသည် အိမ်ခြေများစွာ စည်ကားသောရွာကြီးတစ်ရွာဖြစ်၍ ရှေးခေတ်အခါက မြို့ပိုင်ရုံးစိုက်သည့် မြို့ငယ်လေးတစ်မြို့ဖြစ်ခဲ့ပါသည်။