နော်ဖောအယ်ထာ

Listing Description

၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အဖ ဦးခွန်တင်လင်းနှင့် အမိ ဒေါ်နော်ဆာဖိုးတို့မှ ရှမ်းပြည်နယ် တောင်ကြီးမြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း သုံးယောက်အနက်  အလတ်ဖြစ်ပြီး အကိုကြီးတစ်ယောက်နှင့် ညီမတစ်ယောက်ရှိသည်။ တောင်ကြီးမြို့တွင် မူလတန်းနှင့် အထက်တန်းပညာ သင်ကြားခဲ့သည်။ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဆက်လက်တက်ရောက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် BA (French Language) ဘွဲ့ရခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် Singapore နိုင်ငံရှိ SHRM College မှ စီးပွားရေးစီမံခန့်ခွဲမှု ဒီပလိုမာဘွဲ့ကိုလည်း ရရှိခဲ့သည်။

ဘွဲ့ရပြီးနောက်တွင် သီချင်းဗီဒီယိုများ၊ ဓာတ်ပုံရိုက်ကူးမှုများ၊ မင်္ဂလာပွဲများအပြင် လူငယ်များအတွက် ရည်ရွယ်ထားသော ပညာရေးဝဘ်စီးရီးများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် MRTV-4 ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသခဲ့သော “ပျောက်ဆုံးနေသောအမှန်တရား” ဇာတ်လမ်းတွဲတွင် ကောင်းမြတ်စံ၊ ထူးအောင် ၊ အောင်ရဲထိုက်၊ မေမြင့်မို တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်အားပေးမှု ရရှိလာခဲ့သည်။ ထိုနှစ်တွင် မေတိုးခိုင် နှင့်အတူ “Mythical Myanmar Bagan” ခရီးသွားမှတ်တမ်းရုပ်ရှင်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို့နောက် ထိုင်းနိုင်ငံနှင့်ပူးပေါင်း၍ ဒါရိုက်တာ Pakphum Wonjinda ရိုက်ကူးသော “Ma Phae Wah” ဇာတ်ကားတွင် သရုပ်ဆောင် ခါရာ၊ Kohtee Aramboy၊ Naraphat Stary၊ ပတ်ထရစ်ရှာတို့နှင့်တွဲဖက်၍ ပါဝင်သရုပ်ဆောင်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် Telenor Myanmar ၊ Sunkist နှင့် Free Fire တို့၏ ကုန်အမှတ်တံဆိပ်သံတမန်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်