မန္တလေးနန်းတော်

Listing Description

မန္တလေးနန်းတော်သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းတည်ရှိပြီး မြောက်ဘက်တွင် မန္တလေးတောင်၊ အရှေ့မြောက်ထောင့်တွင် ကျောက်တော်ကြီးဘုရားနှင့် စန္ဒာမုနိဘုရား၊ အရှေ့ဘက်တွင် ၆၆ လမ်း၊ အနောက်ဘက်တွင် လမ်း၈၀ နှင့် တောင်ဘက်တွင် ၂၆ လမ်း တည်ရှိသည်။ မန္တလေးနန်းတော်ကို မင်းတုန်းမင်းမှ မန္တလေးမြို့သစ်ကို တည်သောအခါ ၁၈၅၇ နှင့် ၁၈၅၉ ခုနှစ်အတွင်း တည်ဆောက်ခဲ့ပါသည်။ ၄၁၃ ဟက်တာ ရှိသော နန်းတော်ဝင်းကို လေးဖက်လေးတန်တွင် ၂ ကီလိုမီတာ အရှည်ရှိသော မြို့ရိုး နှင့် ရေကျုံး(အကျယ် ၆၄ မီတာ၊ အနက် ၄.၅မီတာ) တို့က ကာရံထားသည်။ မြို့ရိုး တစ်လျှောက် ၁၆၉ မီတာတိုင်းတွင် ရဲမက်များကင်းစောင့်နိုင်ရန် သူရဲခိုများ ထည့်သွင်းတည်ဆောက်ထားသည်။ မြို့ရိုးတစ်ဖက်စီတွင် တံခါးသုံးပေါက်စီရှိကာ စုစုပေါင်း တံခါး ၁၂ ပေါက်ရှိသည်။ တံခါးအမည်များမှာ (အရှေ့မြောက်ဘက်မှစ၍) လွန်ကဲတံခါး ၊ ဦးထိပ်တံခါး(အရှေ့တံခါးမကြီး)၊ သောင်းညွှန့်တံခါး၊ ကျွန်းလုံးယူတံခါး၊ ကျော်မိုးတံခါး(တောင်တံခါးမကြီး)၊ ရန်နည်တံခါး၊ ကြေးမုံတံခါး၊ စည်ရှင်တံခါး(အနောက်တံခါးမကြီး)၊ ထင်ရှားတံခါး၊ စည်သာတံခါး၊ လေးသိန်းတံခါး(မြောက်တံခါးမကြီး)နှင့် မန်းဦးတံခါး တို့ဖြစ်သည်။ ပတ်လည်တွင် ကျုံးကို ကူးရန် တံတား ၅ စင်း ရှိသည်။ နန်းတော်အတွင်းတွင် ပဟိုရ်စင်၊ စွယ်တော်စင်၊ လွှတ်တော်၊ ဒင်္ဂါးသွန်းစက်ရုံ၊ မြေနန်းပြဿဒ်တော်၊ အရှေ့ဇေတဝန်ဆောင်၊ ဗောင်းတော်ဆောင်၊ မှန်နန်းဆောင်၊ ဗြဲတိုက်ဆောင်၊ ဥပုသ်ဆောင်၊ လေသာဆောင်၊ လက်ဖက်ရည်တော်ဆောင်၊ ရွှေတိုက်တော်၊ ပန်းခုံတော်အုတ်တိုက်၊ တောင်စမုတ်ဆောင်၊ မြောက်စမုတ်ဆောင်၊ တောင်ထားဝယ်ဆောင်နှင့် မြောက်ထားဝယ်ဆောင်၊ နန်းမြင့်၊ အနောက်စမုတ်ဆောင်၊ တောင်ဥယျာဉ်တော်၊ မြောက်ဥယျာဉ်တော်၊ အနောက်ပွဲတက်ဇေတဝန်ဆောင်တော်၊ တောင်ဘက်ဝဲဆောင်နှင့် မြောက်ဘက်ဝဲဆောင်၊ အနောက်ပိုင်းမိဖုရားဆောင်များ တည်ရှိသည်။ ထို့ပြင် မင်းတုန်းမင်း အုတ်ဂူ၊ ပုဂံမင်း မယ်တော် အုတ်ဂူ ပြာသာဒ်၊ လောင်းရှည်မိဖုရား အရိုးအုတ်ဂူပြာသာဒ်၊ ဆင်ဖြူမရှင်မိဖုရားကြီးအုတ်ဂူ၊ စကြာဒေဝီမိဖုရားအုတ်ဂူ စသည်တို့ကိုလည်း တစ်စုတစ်ဝေးတည်းလေ့လာနိုင်ပါသည်။

သင်ကိုယ်တိုင် ပြင်ဆင် ဖြည့်စွက်ရန်

Listing Review

2021-12-03 06:14:01

pinky lwin ခင်ဗျာ

Link ကိုပဲ copy ယူလို့ရပါတယ်ခင်ဗျ ကျေးဇူးတင်ပါတယ်

2021-12-02 15:19:00

Can't copy paste

Can't copy paste