နတ်မှော်ဆင်စခန်း

Listing Description

နတ်မှော်ဆင်စခန်းသည် ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ် ပြည်မြို့မှ ၅ မိုင်ခန့်ဝေးသည့် နတ်မှော်ကျေးရွာအနီး ပြည်-ရန်ကုန် အဝေးပြေးကားလမ်းတွင် တည်ရှိသည်။ ဆင်စခန်းကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၉ ခုနှစ် မေလ ၅ ရက်နေ့တွင် ယင်းဆင်စခန်း၌ ဆင်ပြတိုက်ကို စတင်ဖွင့်လှစ်ခဲ့သည်။ ဆင်စခန်းသို့ လာရောက်ကြည့်ရှုသူများအနေဖြင့် ဆင်များ၏ သရုပ်ပြခြင်း၊ ဆင်စီးခြင်း၊ ဆင်စီးကာ ဧရာဝတီမြစ်ရှုခင်းကို ကြည့်ရှုခြင်းများကို ခံစားနိုင်သည်။ ဆင်ပြတိုက်တွင် ဆင်အရိုးစု၊ ဆင်အသုံးအဆောင်ပစ္စည်းများ၊ ဆင်လုပ်သားများနေထိုင်ရာအိမ်များ၊ ဆင်စွယ်များ၊ ကျုံးစနစ်ဖြင့် ဆင်ဖမ်းခြင်း၊ မေ့ဆေးသေနတ်ဖြင့် ဆင်ဖမ်းခြင်း၊ ဆင်များနေမကောင်းပါက ကုသရသည့် ဆေးဝါးပစ္စည်းများ၊ ဆင်များနှင့်ပတ်သက်သည့် ရှေးဟောင်းဓာတ်ပုံများကို ပြသထားသည်။ ဆင်စခန်းကို အပတ်စဉ် တနင်္လာနေ့တစ်ရက်သာ ပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး နံနက် ၉ နာရီမှ ၁၂ နာရီအထိ တစ်ကြိမ်၊ နေ့လည် ၃ နာရီမှ ညနေ ၆ နာရီအထိတစ်ကြိမ် တနေ့လျှင် ၂ ကြိမ်ဖွင့်လှစ်သည်။