ဘုရင်ခံအိမ်တော် (ပြင်ဦးလွင်)

Listing Description

ဘုရင်ခံအိမ်တော် (ပြင်ဦးလွင်) မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမဘေးတွင် တည်ရှိပါသည်။ ဗြိတိသျှတို့သည် မြန်မာနိုင်ငံကို သိမ်းယူပြီးနောက် ဝန်ရှင်တော်မင်းကြီးနှင့် ဘုရင်ခံများနေထိုင်၊ ရုံးစိုက်ရန် ရန်ကုန်၊ မန္တလေးနှင့် ပြင်ဦးလွင်မြို့တို့တွင် ခမ်းနားကြီးကျယ်သော အဆောက်အအုံများကို ဆောက်လုပ်ခဲ့ရာ ယင်းတို့သည် ဘုရင်ခံအိမ်တော်များဟု ထင်ရှားခဲ့ကြသည်။ ၁၉၀၃-၁၉၀၅ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သော ပြင်ဦးလွင်မြို့ရှိ ဘုရင်ခံအိမ်တော်ဝင်းမှာ ဧက တစ်ရာကျော်ရှိပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဘုရင်ခံအိမ်တော်များထက် ကြီးကျယ်ခန်းနားပါသည်။ အိမ်တော်တည်ဆောက်ပြီး ပထမဆုံးနေထိုင်ခဲ့သည့် ပုဂ္ဂိုလ်မှာ ဒုတိယ ဘုရင်ခံ Sir A.H Barnes (၁၉၀၃-၁၉၀၅) ဖြစ်သည်။ နောက်ဆုံး နေထိုင်သွားသော ဘုရင်ခံ မှာ Sir Dorman Smith( ၁၉၄၁- ၁၉၄၂) ဖြစ်သည်။ ၁၉၄၂ ခုနှစ် ဧပြီလတွင် ဘုရင်ခံ ဆာဒေါ်မန်စမစ် အိမ်တော်ကို စွန့်ခွာပြီးနောက် အိမ်တော်မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ်တွင် ပြင်ဦးလွင်ဘုရင်ခံအိမ်တော်ကို မူလပုံစံအတိုင်း ပြန်လည်တည်ဆောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပြီးစီးခဲ့ကာ ယခုအခါ မြန်မာအမည် ရွှေစံအိမ်၊ အင်္ဂလိပ်အမည် Aureum Resort at Governor's House အမည်ဖြင့် ဟိုတယ်ဖွင့်ထားပါသည်။