စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ဥရုချောင်းကူး​ကြိုးတံတားအဆင့်မြှင့်တင် တည်ဆောက်မှုစတင်

Listing Description

ဟုမ္မလင်း ဇန်နဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ် နောင်ပိုအောင် စံပြကျေးရွာ နှင့်သဖန်းကုန်းကျေးရွာတို့ ဆက်သွယ် မည့် ဥရုချောင်းကူး​ကြိုးတံတားကို ဇန်နဝါရီ ၂၂ ရက်က စတင်အဆင့် မြှင့်တင်တည်ဆောက်နေပြီ ဖြစ်

ကြောင်း(ဝဲပုံ) တံတားတည်ဆောက် ရေးအဖွဲ့(၂) ညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်သီဟထံမှ သိရသည်။

‘‘ဇန်နဝါရီ ၂၂ ရက်က မြေသန့် မင်္ဂလာလုပ်ပြီး ဘိုးပိုင်တူးတာ စဆောင်ရွက်ပါတယ်။ ဥရုချောင်းမှာ ရှိတဲ့ လက်ရှိကြိုးတံတားက ခံနိုင်ဝန် လျော့လာတဲ့အတွက် ဒေသလိုအပ် ချက်အရ တန် ၆၀ ခံနိုင်တဲ့ တံတား အဖြစ် အဆင့်မြှင့်တင်တည်ဆောက် မှာ ဖြစ်ပါတယ်။ ချဉ်းကပ်တံတား တွေကို အရင်အဟောင်းကိုပဲ ပြန်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အဟောင်းက ခံနိုင်ဝန်အပြည့်ရှိပါ သေးတယ်။ ချဉ်းကပ်တံတားအပိုင်း က နှစ်ဖက်ကွန်ကရစ်တံတားပါ။ ဝန်လျော့သွားတဲ့ ကြိုးတံတား အပိုင်းကိုပဲ ပြန်လည်ဖြုတ်သိမ်း ပြီးတော့ သံပေါင်ပလိတ်ဂါဒါတွေနဲ့ အစားထိုးပြီး ကွန်ကရစ်တံတား အဖြစ် တည်ဆောက်မှာ ဖြစ်ပါတယ်’’ ဟု ၎င်းက ပြောသည်။

ဥရုချောင်းကူး​ကြိုးတံတားအရှည် ပေ ၁၀၉၀ ရှိပြီး ပေ ၅၅၀ သည် ချဉ်းကပ်တံတားအပိုင်းဖြစ်ကာ ပေ ၅၄၀ ရှိသည့် ကြိုးတံတားကို ဖြုတ်သိမ်းပြီး အစားထိုးတည်ဆောက် မည်ဖြစ်သည်။

တံတားအကျယ်၂၆ ပေ ရှိပြီး ပြည်ထောင်စုရန်ပုံငွေအနေဖြင့် ယခု နှစ်တွင် နှစ်ဘီလီယံရရှိကာ လာမည့် နှစ် ဘတ်ဂျက်တွင် အပြီးတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။

‘‘သက်ကယ်ကျင်း - ဖောင်းပြင် လမ်းကလည်း လမ်းတွေကောင်းလာ ပြီ။ လမ်းတွေကောင်းလာတာနဲ့အမျှ ယာဉ်ကြီးတွေ သွားလာကြတယ်။ ယာဉ်ကြီးတွေ သွားလာကြတဲ့အပေါ် မှာ ဒေသလိုအပ်ချက်အရ ကြိုးတံတား ပိုင်းကို အဆင့်မြှင့်တင်ပြီး တည်ဆောက် ပေးတာဖြစ်ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောပြသည်။

မျိုးဝင်းထွန်း(မုံရွာ)

ဓာတ်ပုံ-အောင်သီဟ