ရွှေနတ်တောင်စေတီ

Listing Description

ရွှေနတ်တောင်စေတီသည် ပဲခူးတိုင်း အနောက်ပိုင်း ရွှေတောင်မြို့၏ အနောက်တောင်ဘက် လေးမိုင်ခန့်အကွာတွင် တည်ရှိသော မယားမန်ရွာအနီး နတ်တောင်ပေါ်တွင် တည်ရှိပါသည်။ စေတီတော်တည်ကြရာတွင် နေ့သ၌ လူတို့ကတစ်ရစ် တည်၍ ညဉ့်တွင် နတ်တို့ကတစ်ရစ် တည်သည်ဟု အဆိုရှိသည်။ စေတီတည်ရာတွင် မြတ်စွာဘုရား၏ ကိုယ်ပွားတော် (နိမ္မိတ) ရွှေနတ်ရုပ်ကြီးကို အုတ်၊ အင်္ဂတေတို့ဖြင့် မြိုလျက် တည်သောကြောင့် ရွှေနတ်တောင်စေတီဟု ခေါ်တွင်ခဲ့ကြပါသည်။ ဉာဏ်တော်အမြင့်မှာ ထီးတော်အပါ အတောင် ၈၀ မြင့်ပြီး စေတီတော်ဝန်းကျင်ပတ်လည်တွင် စေတီရံ ၁၇ ဆူနှင့် ရွှေပန်းခိုင်ကြီး ၁၅ ခိုင် ရှိသည်။ ဘုရားကုန်းတော်ပေါ်၌ ကြေးခေါင်းလောင်းပေါင်း ၂၁ လုံး၊ ထီးတိုင်ပေါင်း ၁၄ ခုနှင့် ဘုရားဖူးပရိသတ်တို့ နားနေရန် သုံးထပ်ဇရပ်ကြီးနှင့်တကွ ဇရပ်စုစုပေါင်း ၁၅ ခု ရှိသည်။