မျက်တော်ပြေဘုရား

Listing Description

မျက်တော်ပြေဘုရားသည် ပုဂံမြို့ဟောင်းမြို့ရိုးအတွင်း နန်းတော်အနီး၌ တည်ရှိသော အတွင်းစည်းခုံဘုရားတံတိုင်းဝင်းအတွင်း၊ အတွင်းစည်းခုံဘုရား၏ အရှေ့ဘက်တွင် တည်ရှိပါသည်။ ကောဇာသက္ကရာဇ် ၄၄၈ ခုနှစ်ခန့်တွင် ကျန်စစ်သားမင်းကြီးအား ပုန်ကန်သော ရခိုင်ဘုရင် သက်မင်းကတုံကို ဖမ်းမိရာ ကွပ်မျက်မည်ပြုစဉ် ရှင်အရဟံမထေရ်က ရှေးဘဝ၌ ဆုပန်ဘက်မိတ်ဆွေဟောင်းများဖြစ်ကြောင်း ပန်ကြားချက်အရ ကျန်စစ်သားမင်း အမျက်တော်ပြေ၍ အသက်ချမ်းသာပေးခဲ့သည့် အထိမ်းအမှတ်အဖြစ် တည်ထားကိုးကွယ်ခဲ့၍ မျက်တော်ပြေဘုရားဟု ခေါ်တွင်ခဲ့သည်ဟု အစဉ်အလာအားဖြင့် ယုံကြည်ကြပါသည်။ မျက်တော်ပြေဘုရားသည် ကုလားကျောင်းတိုက်ခံစေတီပေါက်ဖြစ်ပြီး မုခ်အရှေ့ဘက်လှည့်ကာ လိုဏ်အတွင်း၌ ဆင်းတုတော်ကြီး တစ်ဆူရှိပါသည်။