ဆိုရန်တိုဗီလာအဆောက်အအုံ (စာပေဗိမာန်)

Listing Description

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ပြည်လမ်း၊ အမှတ် ၃၆၁ တွင် တည်ရှိနေသော စာပေဗိမာန်အား ထူထည်းခိုင်ခန့်သည် နှစ်ထပ်တိုက်အိမ်အသွင်ဖြင့် ၁၉၀၉ ခုနှစ်က တည်ဆောက်ခဲ့သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန်နှင့် ဒုတိယကမ္ဘာစစ်ဒဏ်မှ ပြန်လည်ထူထောင်ရန်အတွက် ၁၉၄၇-ခုနစ်တွင် ဆိုရန်တိုဗီလာစီမံကိန်း ရေးဆွဲရေးအစည်းအဝေး ကျင်းပခဲ့သည်။ အစည်းဝေးတွင် တိုင်းသူပြည်သားများအတွက် အသုံးကျမည့် ပြည်ပနိုင်ငံထုတ် စာအုပ်များကို ဘာသာပြန်ရန်နှင့် ပုံနှိပ်ထုတ်ဝေရန် ဘာသာပြန်စာပေဌာနကြီး တစ်ခုထူထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် ဝန်ကြီးချုပ် သခင်နု ဦးဆောင်သော ကြားဖြတ်အစိုးရက ထိုအဆောက်အအုံ၌ မြန်မာဘာသာပြန်အသင်း (BTS) ကို တည်ထောင်သည်။ ထိုအသင်းကြီးကို ၁၉၄၈ ခုနှစ်၊ မေလတွင် စာပေဗိမာန်ဟု ခေါ်တွင်စေခဲ့သည်။

ပြည်တွင်းကျမ်းဂန်စာအုပ်များကို စုဆောင်းသိုမှီးရာ စာကြည့်တိုက်တစ်ခု ဖန်တီးနိုင်ရန် ရည်ရွယ်ခဲ့သည်။ မြန်မာ့စွယ်စုံကျမ်းပြုစုရေးကိုလည်း ထည့်သွင်းခဲ့ပြီး ထိုစီမံကိန်းကို ၁၉၄၈ ခုနှစ်တွင် စတင်ဆောင်ရွက်သည်။ နောက်ဆုံးတွင် မဂ္ဂဇင်းများ၊ ပညာရပ်ဆိုင်ရာကျမ်းများကိုသာ အဓိကတာဝန်ယူထုတ်ဝေလာခဲ့သည်။ ဘာသာပြန်အသင်း၏ ပထမဆုံးဥက္ကဋ္ဌမှာ ဝန်ကြီးချုပ်ဦးနု ဖြစ်သည်။ ၁၉၅၅ ခုနှစ်တွင် ကုန်သည်လမ်းနှင့် ၃၇ လမ်းထောင့်၌ လေးထပ်အဆောက်အအုံသစ် တည်ဆောက်ပြီးစီးသောအခါ နောက်တစ်နှစ်တွင် အယ်ဒီတာနှင့်စီမံရေးဝန်ထမ်းတို့ကို ထိုနေရာသို့ ပြောင်းရွှေ့စေလိုက်သည်။ ၁၉၆၃ ခုနှစ်တွင် BTS သည် ပြန်ကြားရေးဝန်ကြီးဌာနအောက်သို့ ရောက်ရှိသွားပြီး စာပေဗိမာန် ဟု အမည်ပေးခဲ့သည်။ ၎င်း၏ ပုံနှိပ်အဖွဲ့ကိုလည်း စာပေဗိမာန်ပုံနှိပ်တိုက်ဟု ကင်ပွန်းတပ်လိုက်သည်။

ယခုအခါ စမ်းချောင်းမြို့နယ် ဟံသာဝတီအဝိုင်းအနီးရှိ ယခင်စာပေဗိမာန်အဆောက်အဦးသည် ရန်ကုန်မြို့ရှေးဟောင်းအမွေအနှစ်အဆောက်အဦးတစ်ခုအဖြစ် ပါဝင်လျက်ရှိပြီး MPT ရုံးခန်းတစ်ခုအဖြစ်တည်ရှိနေပါသည်။