ရှင်ပင်သာလျောင်းဘုရား

Listing Description

ရှင်ပင်သာလျောင်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံဒေသ၊ အနော်ရထာလမ်းမကြီးဘေးရှိ ရွှေဆံတော်ဘုရားကြီး၏ အနောက်ဘက်တွင် တည်ရှိပါသည်။ ပေ ၇၀ ရှည်လျားသည့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်ထားရှိရာ အုတ်ကျောင်းတိုက်မှာ ၈၄ ပေအရှည်ရှိပါသည်။ ဆင်းတုတော်ကြီး၏ အသွင်အပြင်ကို ကြည့်၍ (၁၁) ရာစုလက်ရာဟု ပညာရှင်များက ခန့်မှန်းကြပါသည်။ အစဉ်အလာအားဖြင့်ဆိုလျှင် ဗုဒ္ဓမြတ်စွာဘုရားသည် လက်ျာ ဘက်သို့ စောင်း၍ လက်ယာလက်ထက်၌ ပါးတင်ကာ မြောက်ဘက်သို့ ဦးခေါင်းပြုပရိနိဗ္ဗာန်စံလွန်ကြောင်း အဆိုရှိပါသည်။ သို့သော်ရှင်ပင်သာကျောင်းရုပ်ပွားတော်မြတ်မှာမူ တောင်ဘက်သို့ ဦးလှည့်ထားသဖြင့် အရှေ့ဘက်ရှိ ရွှေဆံ တော်ဘုရားအား မျက်နှာမူနေစေရန် ရည်ရွယ်တည် ဆောက်ထားဟန်ရှိပါသည်။ ရုပ်ပွားတော်ကြီးအား အများအားဖြင့် မူလက်ရာအတိုင်းပင် ဖူးမြော်နိုင်ပါသေးသည်။ သင်္ကန်းတွန့်များမှာမူ ပြုပြင်ထားပြီးဖြစ်ပါသည်။ ဗုဒ္ဓရုပ်ပွား တော်ထားရှိရာ အုတ်တိုက်အတွင်း နံရံများ၌ နံရံဆေးရေး ပန်းချီအချို့ကိုလည်း လေ့လာတွေ့ရှိနိုင်ပြီး ယင်းပုံများမှာ ဝါးပင်ပုံများဖြစ်သဖြင့် ဝေဠုဝန်၌သီတင်းသုံးသည့်ပုံ ဖြစ်ဖွယ်ရှိသည်။