မုန်းချောင်းရေလှောင်တမံ

Listing Description

မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့မြောက်ဘက် ၂ မိုင်ခန့်အကွာ အောက်ပုံကျေးရွာနှင့် သရန်ကိုင်းကျေးရွာကြား မုန်းချောင်းပေါ်တွင် တည်ဆောက်ထားသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သည်။ တမံအမြင့် ၁၂၄.၆၈ ပေရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးအတွက်ပါ ရည်ရွယ်ဆောက်လုပ်ထားသည့် ဘက်စုံသုံး တာတမံဖြစ်သည်။ မုန်းချောင်းရေအားလျှစ်စစ်ဓါတ်အားပေးစက်ရုံမှ   ၂၅ မဂ္ဂါ၀ပ် သုံးလုံးဖြင့်  ၇၅  မဂ္ဂါ၀ပ် ထုတ်လုပ်ပီး ချောက်၊ တညောင် ၊ စေတုတ္တရာမြို့ဓါတ်အားပေးရုံမှ နိုင်ငံတော်ဓါတ်အားသို့ ပို့လွှတ်ပေးလျက်ရှိသည်။