ဖြူးချောင်းရေလှောင်တမံ

Listing Description

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် (၁၁၅)၏ အနောက်ဘက် ၅ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ရေသောက် ဧရိယာ ဧက ၉၀ဝဝဝ ကို စိုက်ပျိုးရေ ပေးဝေနိုင်ရန်နှင့် ရေအားလျှပ်စစ်တပ်ဆင်အင်အား ၂၀ မဂ္ဂါဝပ် ၂ လုံးဖြင့် နှစ်စဉ် ပျမ်းမျှကီလိုဝပ်နာရီ သန်း  ၁၂၀ ထုတ်လုပ်သွားနိုင်ရန်၊ စစ်တောင်းမြစ် ရေးကြီးရေလျှံမှုမှ လျော့ပါး သက်သာစေရန် စသည့်လူမှုစီးပွားဘဝဆိုင်ရာ အကျိုးကျေးဇူးများ ရရှိစေရန်ရည်ရွယ်၍  ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် ၁၉၆၃ ခုနှစ်မှစတင်၍ စူးစမ်းလေ့လာမှုများ ပြုလုပ်ခဲ့သော စစ်တောင်းမြစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများတွင် ပါဝင်ပြီး ၂၀ဝ၂ ခုနှစ် အောက်တိုဘာလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ရေလှောင်တမံ၊ ရေပိုလွှဲ၊ ရေယူအဆောက်အအုံ၊ ရေအား လျှပ်စစ်ဆိုင်ရာ အဆောက်အအုံများနှင့် ရေလွှဲဆည်တို့ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်တွင် တည်ဆောက်ပြီးစီးခဲ့သည်။

ဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ဆောင်ရွက်ခဲ့ရာ ခွဲဝေရန်ပုံငွေ အခြေအနေအရ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ ၂၁ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးခဲ့ပြီး စီမံကိန်းလျာထားဧရိယာ ဧက ၉၀ဝဝဝ အနက် ဧက ၆၈၀ဝ ကို ရေပေးဝေနိုင်ခဲ့သည်။

၂၀၁၉-၂၀၂၀ ခုနှစ်ကုန်တွင် စုစုပေါင်း ၁၆၈၀ဝ ဧကအား ဆည်ရေပြည့်ဝစွာ ပေးဝေနိုင်ခဲ့သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်ထိ ဆည်ရေသောက် စနစ်တစ်ခုလုံး၏ (၃၉)ရာခိုင်နှုန်း တည်ဆောက် ပြီးစီးခဲ့သဖြင့်  ဆည်ရေပေးဝေနိုင်မည့်ဧရိယာ ၉၀၀၀၀ ဧက အနက်  (၂၃၃၀၀) ဧကကို ရေပေးဝေနိုင်ခဲ့သည်။ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် (၂၉၈၀၀) ဧကကို စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့သည်။

ဆည်ရေသောက်စနစ်ဆိုင်ရာ အချက်အလက်များအနေဖြင့် တူးမြောင်းမကြီး ၂ ခု ၁၉ မိုင်၊ မြောင်းခွဲ ၁ ခု ၂၀ မိုင်၊ လက်တံမြောင်းများ ၂၄ ခု ၇၅ မိုင်၊ လက်တံမြောင်းခွဲများ ၂၀၆ ခု ၃၅၈ မိုင်၊ တူးမြောင်း အဆောက်အအုံ ၃၅၉၅ ခုဖြစ်သည်။

တမံအမြင့် ၂၄၅ပေ၊ တမံအလျား ၁၀၂၀ပေ ရှိ  ဖြူးချောင်းရေလှောင်တမံသည်  နှစ်စဉ် ပျမ်းမျှ စီးဝင်ရေ ၆၆၈၃၆၀ ဧကပေ၊ ကန်ရေပြည့်ရေလှောင်ပမာဏ ၆၃၂၅၃၀ ဧကပေရှိသည့် ဇုန် အမျိုးအစား ကျောက်ဖြည့်တမံ ဖြစ်သည်။