ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန

Listing Description

အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်ကြီးကို အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ထွန်းပေါ်ပေါက်စေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါသည်။ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အလုပ်သမားရေးရာဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

 အလုပ်သမားဝန်ကြီးဌာနသည် နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကကျသော လူ့စွမ်းအားအရင်းအမြစ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရေး၊ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိနိုင်ရေး၊ အလုပ်သမားဈေးကွက် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေး၊ အလုပ်သမား ဥပဒေပါအကျိုးခံစားခွင့်များအတွက် စည်းကြပ်ဆောင်ရွက်ရေး ၊လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လူမှုဖူလုံးရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ အလုပ်ရှင် နှင့် အလုပ်သမား အကြား အငြင်းပွားမှုများ လျော့နည်းပပျောက်ရေးတို့ကို ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ အလုပ်သမားရေးရာ လုပ်ငန်းတာဝန်များကို နိုင်ငံတော်၏ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများနှင့် လိုက်လျောညီထွေစွာဖြင့် မူဝါဒများ၊ ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များ ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။