မက်မန်းမြို့နယ်၌ ပြည်သူများ လုံခြုံစိတ်ချစွာ ဆန္ဒမဲများ စနစ်တကျပေး

Listing Description

မက်မန်း နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မက်မန်းမြို့နယ်တွင် ယမန်နေ့ နံနက် ၆ နာရီမှစတင်ပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့သည်။

ထိုသို့ကျင်းပရာ မက်မန်းမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ကျေးရွာ ပေါင်း ၉၇ ရွာနှင့် ရပ်ကွက်နှစ်ရပ်ကွက်တွင် မဲရုံပေါင်း ၄၃ ရုံတို့၌ မဲဆန္ဒရှင် စုစုပေါင်း ၁၁၆၀၈ ဦး ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

မဲရုံအမှတ်(၁)၊ မဲရုံအမှတ်(၂)နှင့် ကွန်ဟောင်းကျေးရွာတို့တွင် ဆန္ဒမဲပေးရန် လာရောက်ကြသည့် ပြည်သူများအား နှာခေါင်းစည်းများဖြန့်ဝေပေးခြင်း၊ ကိုယ်အပူ ချိန် တိုင်းတာခြင်း၊ ရေမလိုလက်သန့်ဆေးရည်များဖျန်းပေးကာ လက်ဆေးစေခြင်း နှင့် လူစုလူဝေးမဖြစ်စေရန် စနစ်တကျ ခြောက်ပေခွာတန်းစီစေပြီး မဲရုံသို့ ဝင်ရောက်မဲပေးစေခဲ့ကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)